News

ဗုဒ္ဓရဲ့စာပေနဲ့ နည်းပညာပစ္စည်းများကြား ပေါင်းကူးပေးသူ တစ်ဦး

Alpha Infotech Co.,Ltdဟာ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေရဲ့ တရားဓမ္မဟောပြောမှုတွေကို MP3ပြုလုပ်ပေးရာ ကနေစပြီး တရားတော်တွေနဲ့ ထိတွေ့ခဲ့ရပြီး စာသင်တိုက်ကြီးတွေအတွက် Multimedia CD ROMတွေ ပြုလုပ်ပြီး ဈေးကွက်ဖြန့်ခိျခဲ့ကာ စာသင်သား သံဃာတော်တွေကိုပါ ကွန်ပျူတာသင်တန်းတွေ ပေးခဲ့လို့ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးရဲ့ ကုသိုလ်တော်အလှူ ပိဋကတ်ကျောက်စာတွေကို Digitalizeလုပ်နိုင်တဲ့ အထိပါကြိုးစားခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ တရားတော်တွေကို အလွယ်တကူ ဖတ်ရှုနိုင်အောင် ဇော်ဂီျစနစ်ကို တီထွင်ခဲ့သူ ဖြစ်ပါတယ်။

ဂေါတမဗုဒ္ဓဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ခန့်က အိန္ဒိယတိုက်မှာ ပေါ်ထွန်းခဲ့ပြီး သက်တော် ၈၀ အရွယ်မှာ ပရိနိဗ္ဗာန်စံခဲ့ပါတယ်။ သက်တော် ၃၅နှစ်အရွယ်မှာ သံသရာမှ လွတ်မြောက်ရာ တရားတော် (Enlightenment)ကို ကျင့်ကြံတွေ့ရှိခဲ့ပြီး၊ ပရိနိဗ္ဗာန်ပြုခိျန်အထိ နှစ်ပေါင်း ၄၅ နှစ်အကြာ သူဟောကြားခဲ့တဲ့ အဆုံးအမ တရားတော်ဟာ ကမ္ဘာ့ဘာသာကြီး ၄ ခုမှာ တစ်ခုအပါအဝင်အဖြစ် ယနေ့တိုင် ကမ္ဘာပေါ်က လူသား သန်းပေါင်းများစွာကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဂေါတမဗုဒ္ဓရဲ့ တရားတော်တွေကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မရှိဘဲ ဆက်လက် တည်တံ့ ပြန့်ပွားနိုင်ဖို့အတွက် ဘုရားရဲ့တပည့်သံဃာများဟာ နှစ်ပေါင်း ၂၆၀၀ နီးပါးအဆင့်ဆင့် လက်ဆင့် ကမ်းထိန်းသိမ်းကာ သင်္ဂါယနာ ၆ ကြိမ်တိုင် တင်ခဲ့ကြပြီး ဖြစ်ပါတယ်။ စတုတ္ထအကြိမ် သီဟိုဠ်မှာ သင်္ဂါယနာတင်တော့ တရားတော်တွေကို ပေထက်အက္ခရာ တင်နိုင်ခဲ့ပါတယ်။ ပဉ္စမအကြိမ်အဖြစ် ကျောက်ပြားပေါ်မှာ ရေးထိုးနိုင်ခဲ့ပြီး ခရစ်သက္ကရာဇ် ၁၈၇၁ခုနှစ်မှာ မင်းတုန်းမင်းတရားကြီးရဲ့ ပံ့ပိုးလှူဒါန်းမှုနဲ့ ကုသိုလ်တော်ဘုရားမှာ ရေးထိုးဆောက်တည် နိုင်ခဲ့ပါတယ်။ အမြင့် ၅ ပေရှိပြီး အနံ ၄ပေ နီးပါး ရှိတဲ့ ကျောက်ပြားချပ်ပေါင်း ၇၂၉ ချပ်ကို တစ်ချပ်စီ အုတ်တို်က်လေးအတွင်း ထည့်သွင်းပြီး စနစ်တကျ အပိုင်းလိုက် တည်ဆောက်ထားခဲ့ပါတယ်။

Alpha Infotech Co., Ltdဟာ ၁၉၉၇ မှာ စတင်ခဲ့ပြီး Computer နဲ့ပတ်သက်တဲ့Product and Service တွေကို ရောင်းချခဲ့တဲ့ ကုမ္ပဏီတစ်ခုပါ။ ၁၉၉၈ မှာ တရားအသံတွေကို MP3 နဲ့ စပြီးပြုလုပ်ပေးရာက တရားတော်တွေနဲ့ စတင်ထိတွေ့ခဲ့ပါတယ်။ ရန်ကုန်ကြည့်မြင်တိုင် မျက်မမြင်ကျောင်းအတွက် မျက်မမြင်စာ Braille Systemတွေ၊ မန္တလေးဆံွ့အ နားမကြားကျောင်းအတွက် လက်ပုံစံပြ စနစ်တွေလည်း လုပ်ပေးခဲ့ဖူးပါတယ်။ မြန်မာပြည်မှာ အထင်ရှားဆုံး စာသင်တိုက်ကြီးဖြစ်တဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်အတွက် Multimedia CD ROM တစ်ခု ၂၀၀၁ မှာ စတင်ပြုလုပ်ပေးပြီး ဈေးကွက်ကို စတင်ဖြန်ခိျခဲ့ပါတယ်။ ဒီ CD ရဲ့ ရငွေတွေကို ကျောင်းတိုက်ထဲမှာ ကျောင်းဆောင် တစ်ခု ဆောက်ပေးခဲ့ပြီး ဒီကျောင်းဆောင်မှာဘဲ သံဃာတော်တွေကို ကွန်ပျူတာ သင်တန်းပေးတာ၊ စာတွေကို ရိုက်သွင်းတာ၊ တည်းဖြတ်တာ၊ ပြုစုတာတွေ လုပ်ရင်း သင်ကြားခဲ့ပါတယ်။ အဲဒီကနေ ကွန်ပျူတာ သုံးတတ်သွားတဲ့ စာသင်သား သံဃာတော်တွေ အတော်ထွက်ပေါ်လာပါတယ်။

၂၀၀၄မှာ ရေစက်ချ လှူဒါန်းခဲ့တဲ့ ကျောင်းကနေ တစ်နေ့မှာ ကုသိုလ်တော်ဘုရားက ကျောက်စာတွေကို ဓာတ်ပုံရိုက်ဖို့အကြောင်း ဖန်လာရင်း ကုသိုလ်တော်က သင်္ဂါယနာတင် ကျောက်စာကို Digitalize လုပ်တဲ့ Project ကို စနိုင်ခဲ့ပါတယ်။ ကျောက်စာတွေကို ဓာတ်ပုံရိုက်ဖို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကလည်း ပါဝင်ကူညီခဲ့ပါတယ်။ ဒီအတွက် ကျောက်စာပါ စာတွေကို ဘယ်စာလုံး ဘယ်ကျောက်စာမှာ ဘယ်နေရာမှာ ဘယ်နှစ်လုံးပါတယ်ဆိုတာ ရှာနိုင်ဖို့အတွက် စာတွေရိုက်သွင်းရတယ်။ ကျောက်စာပါ စာမျက်နှာနဲ့တိုက်ဆိုင်ပြီး တည်းဖြတ်ရတယ်။ ဒီအတွက် အဲဒီအခိျန်က လုံလောက်အောင် သုံးဖို့ မြန်မာစာ စနစ် မရှိတာကြောင့် ယခုအခိျန်မှာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး မြန်မာစာစနစ်ဖြစ်တဲ့ ဇော်ဂီျမြန်မာစာစနစ်ကို တီထွင်ပြီး စာလုံးတိုင်းကို လိုအပ်သလို ရှာဖွေဖေါ်ပြနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ နောက်ပြီး နိုင်ငံတကာကနေ မြန်မာပါဋိတွေကို ရှာနိုင်ဖို့ Romanize လုပ်တဲ့ စနစ်ကို ထည့်သွင်းပြီး Roman အက္ခရာ သုံးပြီး ရှာနိုင်အောင် ကြိုးစားခဲ့သလို ယိုးဒယားအက္ခရာနဲ့လည်း ဖတ်နိင်သုံးနိုင်အောင် အပိုထည့်သွင်းခဲ့ပါတယ်။

အကြမ်းလုပ်ထားတာတွေကို ၂၀၀၆ ခုနှစ်ဇန်နဝါရီမှာ နိုင်ငံတကာ Manuscript ထိမ်းသိမ်းရေး ကွန်ဖရင့်တခုဖြစ်တဲ့ ရန်ကုန် ထေရဝါဒ သာသနာပြုတက္ကသိုလ်မှာ ကျင်းပတဲ့ပွဲမှာ မိတ်ဆက် ပြသခဲ့ပြီး ၂၀၀၆ ခုနှစ် ဇူလိုင်၂၆မှာ ကျင်းပတဲ့ Burma Study Conference မှာ မိတ်ဆက်ပြသနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ သီတဂူတက္ကသိုလ်နဲ့ မဟာဂန္ဓာရုံကျောင်းတွေမှာ လက်တွေ့သုံးစွဲမည့်သူများနဲ့ တွေ့ဆုံပွဲများ လုပ်ပြီး ဖန်တီးခဲ့ကြပါတယ်။ မြန်မာတွေအတွက် မြန်မာပြန်ကျမ်းစာတွေနဲ့ ခိျတ်ဆက်တာ၊ မြန်မာနိုင်ငံသုံး တရားတော်ခေါင်းစဉ်တွေနဲ့ အဆင့်လိုက် ခိျတ်ဆက်တာတွေကို ပြုလုပ်နိုင်ခဲ့သလို မြေပုံကနေ တိုက်ရိုက် ရှာဖွေကြည့်နိုင်တဲ့ စနစ်ကို ဖန်တီးတည်ဆောက်ပြီး နိုင်ငံတစ်ဝှမ်းလုံးမှာ ရှိတဲ့ စာသင်ကျောင်းတိုက်တွေ တက္ကသိုလ်တွေက သက်ဆိုင်တဲ့ ဌာနတွေနဲ့ လိုအပ်မယ့် နေရာတွေအားလုံးကို အခမဲ့ လှူဒါန်းခဲ့ကြပါတယ်။ ပထမဦးဆုံး လှူဒါန်းပွဲကို ၂၀၀၆ သီတင်းကျွတ်လပြည့်နေ့မှာ သီတဂူဆရာတော်ကြီးကကြီးမှူး ကျင်းပပေးခဲ့ပြီး သာသနာရေးဝန်ကြီးနဲ့ ပညာရှင်များ ပါမောက္ခများ သက်ဆိုင်သူများ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနောက် အထက်မြန်မပြည် မန္တလေးမှာ ရှိတဲ့ ဆရာတော် သံဃာတော်တွေနဲ့ တက္ကသိုလ်တွေက သက်ဆိုင်တဲ့ သူတွေကို ဖိတ်ပြီး လှူဒါန်းပွဲကို (၂၅.၁၁.၂၀၀၆) ရက်မှာ ထပ်မံပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီစနစ်မှာ သုံးတဲ့ ဇော်ဂီျစနစ်ကို အင်တာနက်မှာ လူအများ အခမဲ့ သုံးနိုင်ဖို့ဖြန့်ခိျခဲ့ပါတယ်။

မိတ်ဆွေတစ်ချို့နဲ့ ပူးပေါင်းလုပ်ထားတဲ့ ဒီစနစ်ဟာ ၂၀၀၇ မှာ MCPA Myanmar Computer Professional Association က ပေးတဲ့ဆုကို ရရှိခဲ့ပါတယ်။ မြန်မာ Content များ ပြန့်ပွားဖြစ်ထွန်းစေမှု့အတွက် ဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ််။ လက်ရှိလည်း နိုင်ငံတကာက မြန်မာတွေ အားလုံးနီးနီး ဒီစနစ်ကိုအခမဲ့ သုံးစွဲကြပြီး ယနေ့ခေတ်မှာ Samsung, HTC စတဲ့ တယ်လီဖုန်းတွေမှာပါ မူလထဲက စနစ်ထည့်သွင်းရောင်းချခဲ့တဲ့ Support လုပ်စေတဲ့ စနစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ တရားတော်နဲ့ဆိုင်ရာ အချက်အလက်တွေဟာလည်း ဆင့်ကဲ တိုးတက်ခဲ့ပါတယ်၊ စိန်ရတနာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဗုဒ္ဓစေတမာန်ဟာ ကျမ်းစာပါ စာလုံးတွေကို အဓိပ္ပါယ်ပြန်ပေးနိုင်တဲ့ အတွဲများစွာပါတဲ့ အဘိဓာန်တွေနဲ့ စွယ်စုံကျမ်းပုံစံကျမ်းတွေနဲ့ ခိျတ်ပေးနိုင်ခဲ့သလို သူတို့တစ်တွေ ဆက်လက်လုပ်ဆောင်မှု့တွေကြောင့် ဆဌမူစာအုပ်တွေကို Digitalize လုပ်တာ၊ နိဿယလို့ခေါ်တဲ့ ကျောင်းတိုက်သုံး ပြန်ဆိုမှုစနစ်တွေကို Digitalize လုပ်တာတွေ ဖြစ်လာခဲ့ပြီး ယနေ့အခိျန်မှာ iPhone, iPad, Android Tablet, Smartphone စတာတွေမှာ လွယ်ကူစွာ သုံးစွဲနိုင်နေကြပြီး လိုသလို ရှာဖွေတာ ရည်ညွန်းတာ ပွားများစေတာတွေလည်း လုပ်ဆောင်နေကြပါပြီ။ ရာထောင်ခီျတဲ့ တရားတော်တွေ ရှေးဟောင်းကျမ်းစာတွေလည်း လွယ်ကူစွာ ပွားများနိုင်လေ့လာနိုင်ကြပါပြီ။ အင်တာနက်ပေါ်မှာလည်း အတော် စုံလင်လာခဲ့ပါပြီ။

၂၀၀၉ ခုနှစ်မှာ National ICT Award ကို Alpha ကနေ Pocket Tipitaka ဆိုတဲ့ စက်နဲ့ ရရှိခဲ့ပါတယ်။ ဖုန်းတွေ ခေတ်မစားခင်မှာ လူတိုင်း အိတ်ဆောင်ပြီး တရားတော်တွေကို ရှာဖွေဖို့ ကြည့်ရှုဖို့ထွင်ခဲ့တဲ့ စက်ကလေးပါ။ အခုအခိျန်မှာ စက်ရဲ့ Generation သုံး ဆက်လောက်ပြောင်း အပြီးမှာ Android တွေ ဈေးကွက်ဝင်လာတာကြောင့် Android ပေါ် ပြောင်းရွှေ့ခဲ့ပါတယ်။ ကုသိုလ်တော်ဘေးက စန္ဒာမုနိဘုရားကျောက်စာတွေလည်း Digitalize ပြုလုပ်ပြီး ဖြစ်ပါတယ်။ အဲဒီအချက်အလက်တွေကို တကယ်သုံးတဲ့ နေရာတွေမှာ ထိရောက်အောင် သုံးစွဲနိုင်ဖို့အတွက်နဲ့ ပုံရိပ်ကြီးတွေကို ဆွဲယူရတာ လေးလံမှုကို ဖျောက်ဖျက်စေဖို့ တက္တသိုလ်တွေမှာ WiFi နဲ့ ထောင်ပြီး Server တွေထားကာ ကျောင်းသားတွေ အလွယ်တကူ သုံးနိုင်ဖို့ စနစ်တွေကိုလည်း လိုက်လံလှူဒါန်းခဲ့သလို သုံးပုံသုံးနည်းတွေကိုလည်း လိုက်လံသင်ကြားပြသနိုင်ခဲ့ပါတယ်။

ရန်ကုန်က တက္ကသိုလ်ကြီး ၃ခု နဲ့ မန္တလေးကတက္ကသိုလ်ကြီး ၂ခုမှာ တပ်ဆင်ထားခဲ့ပြီး စာသင်သားများတဲ့ နေရာတွေမှာ ဆက်လက် တပ်ဆင်လှူဒါန်းပေးဖို့ စီမံနေပါတယ်။ ဒီကြိုးပမ်းချက်တွေဟာ ဗုဒ္ဓဘာသာ တရားတော်တွေ ပြန့်ပွားစေဖို့ရည်ရွယ်တာမို့ အားလုံးကို အခမဲ့ ဖြန့်ဝေပေးခဲ့ပါတယ်။ မန်းတောင်ခြေက တက္ကသိုလ်မှာ (၂၀-၂-၂၀၁၀) ရက်နေ့မှာ စတင် လှူဒါန်းခဲ့ပြီး (၁၁-၇-၂၀၁၁) မှာ အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ ရန်ကုန်က ထေရဝါဒတက္ကသိုလ်မှာ (၇-၆-၂၀၁၀) ကမ္ဘာအေးက နိုင်ငံတော် ပရိယတိသာသနာ့ တက္ကသိုလ်မှာ (၁၂-၁၀-၂၀၁၀) မှာ စတင်တပ်ဆင်ပြီး Network စနစ်များလည်း ထည့်သွင်း လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီနောက် မန္တလေး ဆူးခါး ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်ကြည့်မြင်တိုင် သာဓုကျောင်းက တက္ကသိုလ်၊ မန္တလေးတောင်ခြေက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ၂၆-၃-၂၀၁၀၊ ရန်ကုန်မြောက်ဥက္ကလာပက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွေမှာ ၁၆-၆-၂၀၁၁ မှာ သွားရောက်လှူဒါန်းပြီး လမ်းညွန်စာအုပ်တွေနဲ့ သင်ကြားနိုင်ခဲ့ပါတယ်။

ယခုဆိုရင် ရဟန်းသံဃာတွေဟာ iPad တွေ Samsung စတဲ့ Android Tablet တွေ သုံးပြီး စာပေသင်ယူလေ့လာနေကြပါပြီ၊ ကျမ်းစာတွဲကြီးတွေရဲ့ နေရာမှာ ပေါ့ပါးတဲ့ စက်ကလေးတွေ ရောက်လာပါပြီ စက္ကူတွေ အသုံးပြုမှု လျော့နည်းလာမှုက သစ်ပင်တွေကို ကယ်တင်ရာ ရောက်သလို အင်တာနက်ကနေ အလွယ်တကူ ကူးယူပွားများနိုင်တာကြောင့် ပျက်စီးဖို့၊ ပျောက်ပျက်ဖို့နည်း ပါးသွားမယ်လို့ထင်ရပါတယ်။ ရဟန်းသံဃာနဲ့ တက္ကသိုလ်ပညာရှင် အသိုင်းအဝိုင်းမှာ နည်းပညာ အသုံးချနိုင်စွမ်း တိုးလာအောင်၊ သုံးစွဲနိုင်အောင်လည်း တစ်ဖက်တစ်လမ်းက မြင့်တင်ပေးခဲ့နိုင်ပါတယ်။ အဲဒီစက်ကလေးတွေကတဆင့် အင်တာနက် သုံးတတ်လာအောင် နိုင်ငံတကာနဲ့ ခိျတ်ဆက်တတ်လာအောင် Search Engine တွေ သုံးကျင့်ရှိလာအောင် စွယ်စုံကျမ်းတွေ ဖတ်လာအောင်လည်း တစ်ဖက်တစ်လမ်းက နည်းပေးလမ်းပြဖြစ်စေခဲ့ပါတယ်။

အခုဆိုရင် Alpha Infotechရဲ့ ကျေးဇူးကြောင့် စာသင်သား ရဟန်းသံဃာတော်တွေ သာမက ဗုဒ္ဓဘာသာကို၊ ဗုဒ္ဓရဲ့တရားတော်များကို လေ့လာချင်သူ ပုဂ္ဂိုလ်တွေအတွက် ရာထောင်ခီျတဲ့ တရားတော်တွေ၊ ရှေးဟောင်းစာပေ ပိဋကတ်ကျမ်းစာတွေကို ပါဋိစာတွေနဲ့သာမက မြန်မာဘာသာပြန် တွေနဲ့ပါ Deviceပစ္စည်းလေးတွေမှာ အလွယ်တကူ ရှာဖွေဖတ်ရှု ပွားများလေ့လာနိုင် ကြပြီဖြစ်လို့ ပေါင်းကူးပေးသူ တစ်ဦးအဖြစ်ပေါ်လွင် ထင်ရှားလျက် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *