News

Samsung မှ အသစ်ထုတ်လုပ်လိုက်သော Galaxy Tab 3

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို ့တွင် Samsung က ၄င်း၏ Galaxy Tab 3 အသစ်ကို ယနေ့ ပွဲထုတ် ပြသလိုက်သည်။ မျက်နှာပြင်အကျယ် 7 inches၊ 8 inches နှင့် 10.1 inches အသီးသီးနှင့် လက်ရှိအချိန်တွင် အဆိုပါ Galaxy Tab 3 များမှာ Wi-Fi သာ အသုံးပြု၍ ရသည်။ 4G စနစ်အသုံးပြုနိုင်ရန်လည်း မကြာမီ လပိုင်းအတွင်း လုပ်ဆောင်သွားမည်ဟု သိရှိရသည်။Dual-Core Processor နှင့် Android ကို Jelly Bean Version အသုံးပြုထားပြီး သယ်ဆောင်ရလည်း လွယ်ကူပေါ့ပါးကာ Samsung ၏ ထူးခြားဆန်းပြားသော ၀န်ဆောင်မှုများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ Dropbox တွင် 50GB စာ အသုံးပြုခွင့်ကို ၂ နှစ်ရရှိမည်ဖြစ်သည်။ ထို့ပြင် Samsung Music Hub ကိုလည်း တစ်လတာ အစမ်းအသုံးပြုခွင့် နှင့် Quickflix trial ကို နှစ်ပတ် အခမဲ့ အသုံးပြုခွင့်ရမည်ဖြစ်သည်။ မိုဘိုင်းဖုန်းများအတွက် Anti-Virus Software တစ်မျိုးဖြစ်သော Norton anti-virus ကိုလည်း ရက် ၆၀ အခမဲ့ အသုံးပြုခွင့်ရမည် ဖြစ်သည်။

သို့သော် လက်ရှိထုတ်လုပ်လိုက်သော Galaxy Tab 3 တွင် Android ၏ အချို ့Default Application များ lock-down ဖြစ်နေပြီး Google Chrome နေရာတွင် Android ၏ Default Browser ကို အသုံးပြုထားကြောင်း သိရသည်။Galaxy Tab 3, 7 inches တွင် resolution 1024*600, 1.2 GHz Dual Core Processor, 1GB RAM, 8GB internal memory နှင့် microSD card ကို 32 GB အထိ အသုံးပြုနိုင်ပြီး ဈေးနှုန်း $249 ရှိသည်Galaxy Tab 3, 8 inches တွင် resolution 1280*800 at 189 PPI, 1.5 GHz Dual Core Processor, 5 megapixle camera, 1.5GB RAM နှင့် 16GB internal memory အသုံးပြုနိုင်ပြီး microSD card ကို 64GB အထိ အသုံးပြုနိုင်သည်။ ဈေးနှုန်း $ 349 ဖြစ်ပါသည်။

Galaxy Tab 3, 10.1 inches တွင် 1280*800 resolution ရှိပြီး 1.6GHz Dual Core Processor, 3 megapixle camera နှင့် RAM 1GB ရှိသည်။ microSD card ကို 64 GB အထိအသုံးပြုနိုင်ပြီး အလေးချိန် 510 grams ရှိကာ ဈေးနှုန်း $399 ဖြစ်ပါသည်။သြစတြေးလျရှိ ဆစ်ဒနီနှင့် မဲလ်ဘုန်းမြို ့များတွင် ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ ကြိုတင်အမှာစာများ လက်ခံနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

Ref : http://www.cnet.com.au/samsung-galaxy-tab-3-range-hits-australia-339344895.htm?feed=rss

Leave a Reply

Your email address will not be published. Required fields are marked *