News

သြဂုတ် ၂ရက်၊ ၄ရက်တွင် တပ်မတော်ခန်းမ ICT Fair ၌ ‘Acer’ လည်းပါဝင်မည်

သြဂုတ်လ ၂ရက်၊ ၄ရက်နေ့တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် Yangon ICT Fair (Mobile & Computer) ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်ပါတယ်။ ယင်းပြပွဲမှာ Acer ၏ မြန်မာပြည်တရားဝင် ကိုယ်စားလှယ် ရွေလမင်းနဂါးကုမၸဏီမှ နောက်ဆုံးပေါ် Notebook, Netbook, Monitor, Projector, Desktop စသည်တို့နှင့် Intel မှ နောက်ဆုံးထွက် Processor ဖြစ်သော Haswell CPU အသုံးပြုထားသော Product များကိုလည်း မိတ်ဆက်ပြသ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဝယ်ယူအားပေးသော Customer များကိုလည်း ဝယ်ယူသော Notebook Series ပေါ်မူတည်၍ အမှတ်တရလက်ဆောင်များကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Customer များကိုလည်း နည်းပညာ အကူအညီများပေးအပ်သွားမှာ ဖြစ်ပါတယ်။

ပြပွဲကာလအတွင်း Acer Notebook ဝယ်ယူသော Customer များကို Acer Iconia B1 Tablet အလုံး ၃ဝ များထဲမှ တစ်ရက်လှျင် ၁ဝ လုံး မဲဖောက် ကံစမ်းပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ Acer Iconia B1 Tablet ကိုလည်း ပုံမှန်ရောင်းစျေး 135 USD မှ ပြပွဲကာလအတွင်း 90 USD ဖြင့် အရေအတွက် ကန့်သတ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ စျေးနှုန်းမှန် ပစၥည်းကောင်းသော Acer Product များကို အစဥ်တစိုက် အားပေးကြသည့် Customer များအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ဝယ်ယူသော Notebook Series ပေါ်မူတည်ပြီး Acer ထီး၊ Acer ဦးထုပ်နှင့် memory stick 8GB စသည်တို့ကို လက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *