Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
စွမ်းဆောင်မှု အပြည့်နဲ့ လှပကျော့ရှင်းသေသပ်တဲ့ အသစ်အသစ်ကိုမှ မြည်းစမ်းလိုသူများကို Acer မှ ပုံစံအသစ်နှင့် ထွက်ပေါ်လာတဲ့ Essential Series ဖြစ်သည့် E5-471(i5) နဲ့ မိတ်ဆက် ပေး လိုက်ပါတယ်။ ဆန်းသစ်တဲ့ ဒီဇိုင်းပိုင်းကတော့ မြင်သူငေးမောရလောက်အောင် ဆွဲဆောင်မှုအပြည့် နဲ့ တည်ဆောက်ထားသော Series တခုဖြစ်ပြီး Intel 4th Gen ဖြစ်သည့် (Haswell) Processor i5-4210U (Power Consumption 15 Watt) ပါဝါစားသုံးမှု ချွေတာပြီး သုံးစွဲသူများအပေါ် စိတ်ကျေနပ်မှု အကောင်းဆုံး ပေးနိုင်မှာ အသေအချာပါပဲ။ မြန်နှုန်းမြင့် 1.7GHz မှ Turbo Boost up to 2.7 GHz အထိတိုးမြှင့် လုပ်ဆောင်ပေးနိုင်ပါသည်။ 500GB HDD က Data မြောက်များစွာကို သိုလှောင်သိမ်းဆည်းနိုင်မှာဖြစ်ပြီး၊ CPU Performanceကို အထောက်အကူပြုပေးမယ့် Memory 4GB DDR3 ကို Low Voltage Memory အဖြစ် သုံးပေးထားသောကြောင့် Power စားသုံးမှုမှာ ပိုသက်သာပြီး၊ လူကြီးမင်းတို့၏ လုပ်ငန်းများကို ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်မှာအမှန်ပါ။
လဲသားအပြောင်ပေါ်မှာ ဝင်္ကပါဆက်ကြောင်းများနဲ့ ပုံဖေါ်ထားပြီး၊ မျက်နှာပြင်အရွယ်အစား 14” inches Acer Cinecrystal LED LCD နည်းပညာကိုအသုံးပြု ပေးထားသည့်အတွက် ရုပ်ထွက်ကို ကြည်လင်ပြတ်သားစွာ ကြည့်ရှုခံစားနိုင်မှာ အမှန်ပင် ဖြစ်ပါတယ်။ Intel HD Graphic 4000 ကျော်Series ကို အသုံးပြုထားပါသည်။ 6 Cell Li-ion Battery က(Long Time) အချိန်ကြာမြင့်စွာ အသုံးပြုနိုင်သောကြောင့် လူကြီးမင်းတို့ကို စိတ်ကျေနပ်မှု အကောင်းဆုံး ပေးနိုင်မှာ အမှန်ပါပဲ။ HDMI,VGA, GbLAN, USB 3.0 …Ports များ စုံလင်စွာပါရှိ၍ သုံးစွဲရ လွယ်ကူစေမှာဖြစ်ပါသည်။ အာမခံသက်တမ်း(၂) နှစ်ပါရှိ၍ စိတ်ချယုံကြည်စွာဖြင့် အသုံးပြုနိုင်ပါသည်။ ဆက်သွယ်မေးမြန်းလိုပါက အမြို့မြို့အနယ်နယ်ရှိ Dealer/Reseller ဆိုင်ကြီး များနှင့် Shwe Lamin Nagar Co.Ltd; သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဆက်သွယ်မေးမြန်းရန်-Ph:01-2301797, 01-2301798, 09-250177761, 09-250177762, 01-217233
ဈေးနှုန်းမှာ-525,000 Kyats ဝန်းကျင်