ရွှေလမင်းနဂါးကုမ္ပဏီမှ ပေးပို့လာသော သတင်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
နေ့စဉ်သုံး Laptop Computer Series ဖြစ်တဲ့ E1-472G modelကို Acerမှ Resolution ပြုလုပ်ကာ ဈေးကွက်အတွင်း တင်သွင်းလိုက်ပါပြီ။ Resolutionလို့ဆိုသည့် အတိုင်း စွမ်းအားနဲ့အပြင်အဆင်ပါ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ထားပါသည်။ E1- 472G (i3) Seriesကို Intelရဲ့ 4th Generation processor Core i3 4010 (1.7GHz)နဲ့ မောင်းနှင်းထားပြီး 4GB memory ပါဝင်ကာ 8GBအထိ မြှင့်တင်ဖို့ Slot (Dimm) အပိုတစ်ခု ထည့်သွင်းထားပါတယ်။
HDD 500 GB ထည့်သွင်းထားကာ Graphic အရည်အသွေးကို နိုင်နိုင်နင်းနင်း မောင်းနှင်ဖို့ Nvidia Geforce GT 720 Seriesကို ထည့်သွင်းပေးထားမှုက သင့်ရဲ့ နေ့စဉ်ဘဝကို ပိုမိုအသက်ဝင်စေပါတယ်။ တောက်ပတဲ့ အနက်ရောင်စစ်စစ်မှာ ရွှေရောင် အစက်အပြောက်သေးသေးလေးတွေ ပါဝင်ထားမှုက သင့်ကို ခန့်ညားစေမှာ အမှန်ပါ။ ပြောင်းလဲမှုပြုလုပ်ထားတဲ့ Chickled Keyboardနဲ့ ကျယ်ပြန့်လှတဲ့Touchpadက သင့်ရဲ့တစ်နေ့တာ တာဝန်ကို မြန်ဆန်စွာ ပြီးဆုံးစေမှာပါ။ ထူးခြားတဲ့ပြောင်းလဲမှု့တစ်ခုကတော့ မည်သည့်အမှတ်တံဆိပ်မှာမှ မရနိုင်သေးတဲ့ M discကို ရေးနိုင်ဖတ်နိုင်တဲ့ Multi Drive ကိုထည့်သွင်းပေးထားမှုက သင့်ကို အံ့အားသင့်စေမှာအမှန်ပါပဲ။ မျက်နှာပြင်အရွယ်အစား 14” နဲ့ပွဲထွက်လာပြီး wireless 802.11b/g/n Bluetooth 4.0 နဲ့ လူကြိုက်များတဲ့ 1.3 Acer Crystal Eye Webcamကို ထည့်သွင်းပေးထားမှုက ဝယ်ယူရကျိုး နပ်စေပါတယ်။ HDMI port, USB 3.0, USB 2.0, Cardreader တွေကိုလည်းထည့်သွင်းပေးထားကာ 4 Cell Li-on Battery က သင့်လုပ်ငန်းတွေကို ပြီးမြောက်စေဖို့ တာဝန်ယူပါလိမ့်မယ်။ ဈေးနှုန်း (560,000ကျပ်)နဲ့ ဝယ်ယူရရှိနိုင်ပြီး အာမခံသက်တမ်း (၂) နှစ်ဖြင့် ရွှေလမင်းနဂါးကုမ္ပဏီက တင်သွင်းကာ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ ကွန်ပျူတာဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။