Acer ရဲ့ ဈေးနှုန်းသင့်တင့်ပြီး သုံးစွဲရအဆင်ပြေစေမယ့် Notebook Model အသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်ပေးပါရစေ။ Acer မှ E1 Series တွေကို ဆက်တိုက်ထုတ်လုပ်ခြင်းရဲ့ ရည်ရွယ်ချက်မှာ ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Products ကို သုံးစွဲချင်သူများအတွက် ရည်ရွယ်၍ ထုတ်လုပ်ပေးထားခြင်း ဖြစ်ပါသည်။ ယခု E1-430 model ဟာဆိုရင် အရင် E1-431 Model ထက် ပိုမိုဆန်းသစ်သော Design ပုံစံ၊ Performance များဖြင့် ပြောင်းလဲထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
CPU အနေဖြင့်လည်း Intel ရဲ့ 3th Generation Processor Pentium Dual Core 2117U CPU ကို အသုံးပြုထားပြီး အမြန်နှုန်းSpeed အနေနဲ့1.8 GHz အထိ ရရှိမှာဖြစ်ပါတယ်။ Memory ကိုလည်း 2GB DDR3 Low Voltage Memory ကို အသုံးပြုထားပြီးလိုအပ်ပါကလဲ 4GB အထိလဲ ထပ်မံ တိုးမြင့် အသုံးပြုနိုင်ပါသည်။ အချက်အလက်များ သိုလှောင်သိမ်းဆည်းရန်အတွက် Hard Disk 500GBကိုလည်း ထည့်သွင်းပေးထားပါသေးသည်။ Screen Size အနေဖြင့် Acer 14” LED LCD HD Cine-crystal မျက်နှာပြင်ကို အသုံးပြုထားတဲ့အတွက် ကြည်လင်ပြတ်သားသော ရုပ်ပုံအရည်အသွေးများကိုလည်း ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
အင်တာနက်ချိတ်ဆက်မှုအတွက်Acer ရဲ့Nplify 802.11 a/g/n Wifiစနစ်အပြင် USB 3.0,Buletooth 4.0, HDMI, GbLANနှင့် Cardreaderတို့ကိုလဲ ထည့်သွင်းပေးထားပါသည်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုအနေနဲ့ Acer ရဲ့ Acer Crystal Eye HD Webcanကို ထည့်သွင်းပေးထားသည့်အပြင်4 Cell Li-ion Battery ပါဝင်မှု့ကလည်း သင်၏လုပ်ငန်းဆောင်တာများကိုလည်း ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးမှာ အသေချာပဲဖြစ်ပါတယ်။ ထို့ကြောင့် Multimedia ပိုင်း၊ Office & Internet ပိုင်းနှင့် Performance ကောင်းကောင်းအပြင် ချိုသာသော ဈေးနှုန်းဖြင့် ရွေးချယ်ဝယ်ယူ သုံးစွဲချင်တယ်ဆိုပါက ရွှေလမင်းနဂါးကုမ္ပဏီမှ တင်သွင်းပြီး အာမခံသက်တမ်း (၂)နှစ်ဖြင့် မြန်မာပြည်အနှံ့ရှိ ကွန်ပျူတာဆိုင်များတွင် ရွေးချယ်ဝယ်ယူနိုင်ပါသည်။
Price – 369,000 ကျပ်ဝန်းကျင်