သင့်အနေနဲ့ Facebookသုံးစွဲဖို့ Connectလုပ်ပြီးပြီဆိုရင် သင့် Facebookရဲ့ Web Browser Address Barမှာ သတိပြုမိစရာ တစ်ချက်ကို တွေ့ရပါလိမ့်မယ်။ အဲဒါကတော့ သင်ဟာ Facebookကို သုံးနေပေမယ့် တကယ့် Facebook Websiteနဲ့ အမှန်တကယ် ချိတ်ဆက်ထားမှု မရှိတာပါပဲ။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သိချင်ရင်တော့ သင့်အနေနဲ့ DNSဆိုတဲ့ စကားလုံးလေးကို နားလည်အောင် သိအောင်လုပ်ဖို့ လိုပါလိမ့်မယ်။ DNSဆိုတာက ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ World Wide Webရဲ့ အခရာကျတဲ့ Underpinတွေ ဖြစ်ပါတယ်။ အရှည်ကောက်အနေနဲ့ Domain Name Systemဖြစ်တဲ့ သူ့ရဲ့ အဓိကအလုပ်က လူတွေနဲ့ စက်တွေကြားက ဘာသာပြန်ပဲ ဖြစ်ပါတယ်။ လူတွေအတွက်တော့ Domain Nameအဖြစ် မှတ်သားထားပြီး Networkတွေ အတွက်ကိုတော့ IP (Internet Protocol) Addressတွေအဖြစ် မှတ်ထားပါလိမ့်မယ်။ DNSရဲ့ စနစ်တစ်ခုဖြစ်တဲ့ DNS Serverကတော့ Connectionပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ပေးမှာ ဖြစ်ပြီးတော့ Securityဆိုင်ရာ စစ်ဆေးပေးတဲ့ စနစ်လည်း တွဲလျက် ပါ၀င်ပါတယ်။ သူကတော့ Webထဲက Virusတွေကို သင့်PCဆီကို မ၀င်နိုင်အောင် တတ်နိုင်သလောက် တားဆီး စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်Accအနေနဲ့ သင်ဆက်သွယ်ချင်တဲ့ Browserနဲ့ ချိတ်လို့မရတော့ဘူးဆိုရင် ပြဿနာက DNS Serverကြောင့် ဖြစ်တာများပြီး Certificate error messages on encrypted(HTTPS) Webကနေ အကူအညီ ယူပြီး ဖြေရှင်းနိုင်ပါတယ်။
DNS ဆိုတာက

08
Apr