Gadgets, Review

ဈေးကွက်ဝင် ထုတ်ကုန်တွေနဲ့ Rapoo

Rapoo အမှတ်တံဆိပ်ဟာ ကွန်ပျူတာပံ့ပိုးပစ္စည်း(ကြိုးမဲ့)ထုတ်လုပ်တဲ့ Shenzhen Rapoo Technology ကုမ္ပဏီရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်ပါတယ်။ Rapoo အနေနဲ့ ကမ္ဘာတဝန်းသို့ ကြိုးမဲ့ကွန်ပျူတာကီးဘုတ်နဲ့ မောက်စ်တွေ ထုတ်လုပ်ဖြန့်ချိဖို့ အဓိကရည်ရွယ်ချက်ထားရှိပါတယ်။

တရုတ်နိုင်ငံကုမ္ပဏီတွေထဲမှာ ကြိုးမဲ့ကီးဘုတ်နဲ့မောက်စ် ဈေးကွက်ထဲမှာ Rapoo ဟာ နံပါတ်တစ်နေရာကို နှစ်နှစ်ဆက်တိုက်ရခဲ့ဖူးပါတယ်။

Rapoo ကို ၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးတဲ့နောက်မှာ သုတေသနနဲ့ဖွံ့ဖြိုးရေး(R&D) မှာ စွမ်းရည်နှင့်စီမံခန့်ခွဲမှု တိုးတက်လာခဲ့ပါတယ်။ တရုတ်ပြည်တွင်းနဲ့ နိုင်ငံတကာဝယ်လက်တွေဆီကနေ နေရာပေးမှု ရလာခဲ့ပါတယ်။

တရုတ်အစိုးရနဲ့ နိုင်ငံတကာစက်မှုလုပ်ငန်းမီဒီယာတွေဆီက ချီးကျူးထောပနာပြုခြင်းခံခဲ့ရပြီး ဆုပေါင်း ၁၀၀ နီးပါး ရရှိခဲ့ပါတယ်။
ဒီနေ့ မျက်မှောက်ကာလမှာ Rapoo ဟာ 5G ကြိုးမဲ့ ကီးဘုတ်နဲ့မောက်စ်အထိ အနောက်အုပ်စုကုမ္ပဏီတွေနဲ့ ထိုင်ဝမ်ကုမ္ပဏီတွေကို ပခုံးယှဉ်ပြီး ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် ဂိမ်းသမားစိတ်ကြိုက်ကီးဘုတ်နဲ့မောက်စ်တွေနေရာမှာတော့ Rapoo ဟာ ကြိုးစားရုန်းကန်နေရဆဲ အနေအထားပဲ ရှိသေးတယ်လို့ ကွန်ပျူတာရေးရာအကဲခတ်သမားတချို့က ကောက်ချက်ချကြပါတယ်။

Rapoo ဟာ အဓိကအားဖြင့် မောက်စ်၊ ကီးဘုတ်နဲ့ COMBOS ထုတ်လုပ်တာတဲ့ဖြစ်တဲ့အတွက် သမရိုးကျ ကျောင်းရုံး၊ ရုံးသုံး၊ အိမ်သုံးကွန်ပျူတာပံ့ပိုးပစ္စည်းတွေအပြင် ကမ္ဘာ့ဂိမ်းသမားလောကသုံးပစ္စည်းတွေကိုလည်း အဆင့်အတန်းမီမီထုတ်လုပ်နိုင်မှသာ ဈေးကွက်မှာ မျက်နှာပန်းလှမှာဖြစ်ပါတယ်။

ယေဘုယျခြုံငုံကြည့်ရရင်တော့ Rapoo ဟာ ဂိမ်းကီးဘုတ်တွေ၊ ဂိမ်းမောက်စ်တွေ၊ ဂိမ်းနားကြပ်တွေကိုပါ အားသွန်ခွန်စိုက်ထုတ်လုပ်ရင်း နိုင်ငံတကာဈေးကွက်မှာ ရပ်တည်နိုင်ဆဲဖြစ်တာကို တွေ့ရပါတယ်။

Rapoo ထုတ်ကုန်ပစ္စည်းတွေကို ICT.com.mm မှာ ဝယ်လို့ရနေပြီနော်။

Leave a Reply

Your email address will not be published. Required fields are marked *