မနက်စာကို ဘာကြောင့်စားဖို့ လိုအပ်သလဲဆိုတာ သုတေသီတွေက ထပ်မံပြောကြား လိုက်ပါတယ်။ Journal Obesityရဲ့ ဇူလိုင်၂ရက်နေ့က ထုတ်ပြန်ချက်တစ်ခုအရ မနက်ပိုင်းမှာ နေ့စဉ်ကယ်လိုရီ အများအပြား ခန္ဓာကိုယ်ထဲကို ၀င်ရောက်ခြင်းဟာ ညပိုင်းမှာ ကယ်လိုရီတွေ အများကြီး ၀င်ရောက်ခြင်းထက် သင့်ရဲ့ ခါးတိုင်းကို ပိုမိုသွယ်လျစေတယ် လို့ ဆိုပါတယ်။
Tel Avivတက္ကသိုလ်မှ သုတေသီတွေက အ၀လွန်အမျိုးသမီး ၉၃ယောက်ကို နေ့စဉ် ၁၄၀၀ကယ်လိုရီ ပါရှိတဲ့ အစားအသောက်နဲ့ ရက်သတ္တ ၁၂ပတ်ကြာ စမ်းသပ်မှု ပြုခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးကြီးတွေဟာ အသက်လေးဆယ်ခန့် ရှိပြီးMetabolic Syndrome ရှိတဲ့လူတွေလည်း ဖြစ်ပါတယ်။ အဆိုပါ ရောဂါဟာ ခါးကိုတုတ်စေပြီး သွေးပေါင်ချိန်မြင့်တက်စေတယ် လို့သိရပါတယ်။ နှလုံးရောဂါဖြစ်ပွားမှု ကိုလည်း မြင့်တက်စေပြီး ဆီးချိုရောဂါ အမျိုးအစား(၂)လည်း ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ အမျိုးသမီးများကို အုပ်စု၂စု ခွဲလိုက်ပါတယ်။ အုပ်စုတစ်စုချင်းစီမှာ မနက်နဲ့ည ကယ်လိုရီစားသောက်ပုံ စနစ်ကို ပြောင်းပြန်တွက်ချက် စီစဉ်ထားပါတယ်။ ပထမအုပ်စုက မနက်စာအတွက် ၇၀၀ကယ်လိုရီ စားသုံးကြပါတယ်။ နေ့လည်စာမှာ ၅၀၀ကယ်လိုရီ စားသောက်ကြပြီးတော့ ညစာအတွက် ၂၀၀ကယ်လိုရီသာ စားကြပါတယ်။
ဒုတိယအုပ်စုကတော့ မနက်စာ ၂၀၀ကယ်လိုရီ၊ နေ့လည်စာ ၅၀၀ကယ်လိုရီနဲ့ ညစာ ၇၀၀ကယ်လိုရီ အသီးသီး စားသောက်ကြပြီး ပထမအုပ်စုနဲ့ ပြောင်းပြန်ပဲ ဖြစ်ပါတယ်။
သုံးလကြာပြီးတဲ့အခါမှာတော့ မနက်စာကို ကယ်လိုရီများများ စားတဲ့ ပထမအုပ်စုဟာ ၀ိတ်တွေပိုကျပြီး ခါးအတိုင်းလည်း ပိုမိုသေးသွယ်သွား ပါသတဲ့။
သွေးထဲမှာတွေ့ရတဲ့ အဆီတစ်မျိုးုဖြစ်တဲ့ “Triglycerides”ဟာ ပထမအုပ်စုမှာ ၃၃.၆ရာခိုင်နှုန်း ကျဆင်းသွားပေမယ့် ဒုတိယအုပ်စုမှာတော့ ၁၄.၆ရာခိုင်နှုန်း ပိုမိုမြင့်တက်လာပါတယ်။ အဆိုပါ သုတေသီတွေက “မနက်စာကို ကယ်လိုရီများများ စားသောက်ပြီး ညမှာ ကယ်လိုရီ လျှော့ခြင်းဟာ အ၀လွန်ခြင်းနဲ့ Metabolic Syndromeကို ထိန်းချုပ်ဖို့ အကျိုးရှိတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်”လို့ သုံးသပ်ပြောကြား ခဲ့ပါတယ်။
If U Or ONE Wanna Get,” Slim Or International Stand Or Style “,Ok,U Must Take Or Favor On Ur,” Breakfast Menu !!! “.U Should Or Must Take More & More On Ur ” Breakfast Menu”.Ok,Let’s Do It !!! ( ခန္ဓာကိုသွယ်လျဖို့  ( သို့  ) ကမ္ဘာ့အဆင့် မှီချင်တဲ့ ငရံကိုယ်လုံးလေး ဖြစ်ချင်ရင် မင်းရဲ့ အနံက်စာကို အဓိက အလေးပေးပီး စားပါတဲ့…. ဥမ္မာထက်ပြောတာ ဟုတ်ဝူးးးးးးးးးးးးပြောတဲ့သူပြောတာ )