News

မနက်စာမစားမိတဲ့အခါ ဘာတွေဖြစ်နိုင်လဲ…

တစ်နေ့တာ အလုပ်တွေ လုပ်ဆောင်ဖို့ အင်အားတွေအတွက် မနက်စာ Breakfastက အရေးကြီးဆုံးပါပဲ။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်တွေ ရှုပ်နေပါစေ မနက်စာကိုတော့ မပျက်မကွက်စားဖို့ လိုအပ်ပါတယ်။ လေ့လာချက် တစ်ခုအရ မနက်စာ မစားရင် အသက်၄၅နှစ်အထက် လူတွေမှာ သုံးပုံတစ်ပုံလောက်ဟာ Heart-Attackဖြစ်ပွားနိုင်ရုံ သာမက သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသတဲ့။ ဒါ့အပြင် မနက်စာ မစားမိတဲ့အတွက် ကျန်းမာရေး ထိခိုက်မှု တွေများစွာ ဖြစ်ပွား နိုင်ပါသေးတယ်။မနက်စာတွေ မစားတဲ့အခါ အ၀လွန် တတ်ပါတယ်။ မနက်စာ လုံး၀မစားဘဲနဲ့ နေ့လည်ကျမှ ပေါင်းစား တတ်တဲ့အခါ သွေးထဲမှာရှိတဲ့ အင်ဆူလင်ဓာတ်ကို တိုးပွားစေပြီး အ၀လွန်စေတာပဲ ဖြစ်ပါတယ်။လူကြီးတွေမှာသာ ဖြစ်တတ်တဲ့ မေ့တတ်တဲ့ ရောဂါကို မနက်စာ မစားတဲ့အခါ လူကြီးရော လူငယ်မှာပါ ဖြစ်ပွားတတ်ပါတယ်။

ငယ်ငယ်တည်းက Breakfastကို စနစ်တကျစားတတ်တဲ့ အကျင့် လုပ်ထားသင့်ပါတယ်။အမျိုးသမီးတွေ သတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ American Journal တစ်ခုရဲ့ သုတေသန ပြုချက်အရ မနက်စာ မစား ဖြစ်တဲ့ အမျိုးသမီးတွေမှာ ဆီးချို၊ သွေးချို ဖြစ်ပွားနိုင်မှုပိုမို မြင့်မားတာကို တွေ့ရပါတယ်။ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို သင့်ရဲ့မနက်စာ Breakfast မှာထည့်သွင်း စားသောက် သင့်ပါတယ်။ အနောက်နိုင်ငံတွေ စားလေ့ရှိတဲ့ မနက်စောစာ Breakfast ကတော့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးပဲ ဖြစ်ပါတယ်။ ကြက်ဥ၊ နွားနို့၊ အသီးအရွက် တွေနဲ့ အသား ဒါမှမဟုတ် သစ်သီးဖျော်ရည်တွေ ပါ၀င်တဲ့ မနက်စာနဲ့ နေ့တစ်နေ့ကို စတင်ကြပါတယ်။

Ref: http://www.businessinsider.com/the-dangers-of-skipping-breakfast-2013-7

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *