မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက် စနေနေ့၊ နေ့လယ် (၂းဝ၀ မှ ၄းဝ၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park, အခန်း (၂၀၅)တွင် အသင်းသား များ၊ ကျောင်းသူကျောင်းသားများ၊ ကွန်ပျူတာပညာကို လေ့လာလိုက်စားသူများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ စီစဉ် ထုတ်ဝေသည့် “MCPA Professional Series” ၏ အမှတ်စဉ်(၁)ဖြစ်သော စာရေးဆရာ ဦးအိမောင် ရေးသား သည့် “Professional Web Developer” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ စာအုပ်များကို ဆိုင်များသို့ ဖြန့်ချိခြင်းမပြုမီ ယခုပွဲတွင် စိတ်ဝင်စားသူများအား စာရေးသူ ဦးအိမောင်မှ လက်မှတ်ထိုးရောင်းချပေးမည်ဖြစ်ပါသည်။
စာအုပ်မိတ်ဆက်ပွဲနှင့်အတူ နည်းပညာဟောပြောပွဲတစ်ရပ်ကိုလည်း ပူးတွဲကျင်းပပေးမည်ဖြစ်ပြီး စာရေးသူဦးအိမောင်မှ Cloud Computing နည်းပညာ၏ သဘောသဘာဝများ ဖြစ်ကြသည့် Infrastructure as a Service (IaaS), Platform as a Service (PaaS), Software as a Service(SaaS) အစရှိသည့် အချက်များကို “Cloud Computing and Service Oriented Architecture” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသွားမည် ဖြစ်ပါသည်။ ထို့ပြင် Mobile Device များ အလျှင်အမြန် အသုံးများလာသည့် အခြေအနေနှင့်အတူ အဓိကကျသည့် Software Development နည်းစနစ်ဖြစ်လာသည့် Service Oriented Architecture (SOA) အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲသို့ Web နှင့် Software Developer များ၊ ကွန်ပျူတာဘာသာရပ်ဆိုင်ရာ ကျောင်းသူကျောင်းသားများနှင့် Web Development နည်းပညာကို စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိလို ပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ MICT Park, ဖုန်း-၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။