How-to

2014 မှာ Version အသစ်အနေဖြင့် Feature အသစ်တွေနဲ့ ထွက်ရှိလာမယ့် Photoshop

လွန်ခဲ့တဲ့နှစ်ဝက်ကျော်လောက်က Adobe ဟာ Photoshop ကို Creative Suite ထဲသို့ version အသစ်ပြောင်းလဲ ထည့်သွင်းခဲ့ပါတယ်။ အဲဒီပြောင်းလဲမှုဟာကြီးကြီးမားမားမရှိဘဲ Creative Cloud Service အဖွဲ့ဝင်အဖြစ်ပဲ ရည်ညွှန်းပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ရှင်းလင်းပါတယ် Adobe Company ဟာ သူတို့ရဲ့လုပ်ငန်းအသစ်အတွက် လမ်းစဖော်လိုက်တဲ့ ဆုံးဖြတ်ချက်ပါပဲ။

Cloud Service ဟာဆိုရင် ဒေါ်လာ 1.4 သန်း ပေးချေနေတဲ့အဖွဲ့ဝင်တွေနဲ့အတူ Adobe ရဲ့ ချယ်လှယ်မယ့်နေရာလေး ဖြစ်လာတယ်။ ဒီဝန်ဆောင်မှုအပေါ်မှာ နည်းလမ်းသွယ်တစ်မျိုးထဲနဲ့ သိမ်းဆည်းမယ်၊ ပိုကောင်းအောင်ချဲ့ထွင်မယ်ဆိုပြီး ပိုက်ဆံပေးနေတဲ့ ပရိတ်သတ်တွေဟာ Software တွေကို ကောင်းသထက်ကောင်းအောင် ရည်ရွယ်ပါတယ်။ 2013 မှာတော့ ၅၀သော အင်္ဂါရပ်ကို အချို့အဆင့်တိုးမြှင့်ခြင်းနှင့် အသစ်ထပ်ပေါင်းခြင်းများအား Creative Cloud Tool မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ သူတို့ရဲ့ အဓိကထုတ်လုပ်မယ့် ထုတ်ကုန်ရဲ့အစဖြစ်တဲ့ Features For 2014 ဆိုပြီး ထွက်ရှိလာတယ်လို့ မှတ်သားရပါတယ်။ Photoshop CC, Illustrator CC, InDesign CC တို့အပြင် core tools တွေမှာလဲ အင်္ဂါရပ် ၂၀ကို ထည့်သွင်းပေါင်းစပ်ခဲ့ပါတယ်။ ဒီတော့ အသစ်ထွက်ရှိလာမယ့် Photoshop CC လို့ခေါ်တဲ့ PhotoShop 14.2 မှာ ဘာတွေပြောင်းလဲသွားမှာလဲ ကြည့်ရအောင်။

Perspective Warp
warp
နှစ်ဖက်မြင် Perspective tool ဖြင့် ပြုလုပ်ဖို့ဆိုတာ အရင်ကမဖြစ်နိုင်ခဲ့ဘူး။ ခုတော့ PhotoShop က ရှာတွေခဲ့တယ်။ အပေါ်ပုံပါဖော်ပြချက်အတိုင်း သစ်တောအနောက်ခံမှာ မီးရထားကို အစားသွင်းသလိုမျိုး နှစ်ဖက်မြင် Perspective ပြုလုပ်လို့ရနိုင်တယ်။ အဲဒါစိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဘာလို့လဲဆိုတော့ အကယ်၍သာ Perspective tool ဖြင့် သေချာစီမံပြီး ရုပ်ပုံထုတ်ခဲ့မယ်ဆိုရင် Photoshop image ရဲ့ အန္တရာယ်ဟာ ကြီးမားလာပါလိမ့်မယ်။ (ဥပမာ။ ။ဖြစ်နိုင်ချေရှိအောင် ရုပ်ပုံတွေထုတ်ယူတာဟာ ပိုပြီး ပီပြင်လာလိမ့်မယ်) ဒီတော့ ပိုပြီးကောင်းမွန်လာပါတယ်။ Perspective tool ဟာ နာမည်နဲ့ လိုက်အောင် ခုမှပိုပြီး တိကျလွယ်ကူစွာ လုပ်ဆောင်လာနိုင်ပါတယ်။ ရုပ်ပုံများကိုလည်း Grid System များအဖြစ် အချိုးညီစွာ အံဝင်ခွင်ကျ Perspective ပြုလုပ်နိုင်ပါတယ်။

Linked Smart Objects
linked-objects
Designer တွေအတွက် ငွေပမာဏပေါ်မှာ အချိန်ကိုနည်းနိုင်သမျှနည်းအောင် လုပ်ဖို့လိုအပ်ပါတယ်။ ထပ်တလဲလဲပြင်ရတဲ့ အလုပ်မျိုးဟာ ငြီးငွေ့ဖွယ်ကောင်းတဲ့အပြင် အချိန်လည်းကုန်ပါတယ်။ အဲဒီအတွက် Linked Smart Object ဟာ ရှေ့သို့ကြီးမားတဲ့ခြေလှမ်းများအဖြစ် Designer အတွက် အထောက်အကူပြုပါတယ်။ (ဥပမာ။ ။ Customer ဟာ သင့်ဆီမှာ logo အပြင် Business Card, Letter Head များပြုလုပ်တယ်။ ပြီးနောက် Customer က logo အရောင်ပြောင်းချင်ရင် သင်ဟာ logo ကို letter head မှာရော Business Card မှာပါ ပြန်ပြင်အစားထိုးပြောင်းလဲနေရမည်။ ယခု Link Smart Object ပါလာခြင်းကြောင့် သင့် logo ကို letter head နှင့် business card များတွင် Link Smart Object ထည့်သွင်းထားခြင်းဖြင့် သင် logo အရောင်ပြောင်းချင်လို့ logo file မှာ သွားပြောင်းရုံဖြင့် Letter Head နှင့် Business Card ပါ အလိုအလျောက် ပြောင်းလဲသွားမယ်။ Illustrator File, PDF, Raw Photo များအပြင် အခြားများစွာသော Format များကိုပါ Link Smart Object အနေနဲ့ Link လုပ်လို့ရပါတယ်။ ထို့အပြင် Link Smart Object လုပ်ထားခြင်းဖြင့် သင့်ရဲ့ PhotoShop File Size ကိုလည်း ပေါ့ပါးစေပါတယ်။

3D Printing
3d-print
ဒီကနေ့စိတ်ဝင်စားစရာ Feature တစ်ခုအနေနဲ့ပါလာတာကတော့ PhotoShop ရဲ့ 3D Printing Feature အသစ်ပဲ ဖြစ်ပါတယ်။ 3D Modelling Software အမြောက်အများရှိနှင့်ပြီးသားပါ။ ဒါပေမယ့် PhotoShop မှာ ပါတဲ့ Tool အသစ်ဟာဆိုရင် လွယ်ကူစွာ 3D Model ပြုလုပ်နိုင်တဲ့အပြင် ဆေးရောင်တွေလည်း ခြယ်လို့ရပါသေးတယ်။ 3D ပုံကို ပုံနှိပ်ရိုက်ထုတ်ရန်အတွက် 3D Printer နှင့် ချိတ်ဆက်အသုံးပြုလို့ရအောင်လည်း စီစဉ်ထားပါတယ်။ ဒါပေမယ့် PhotoShop က သူ့ရဲ့ 3D tool ဟာ ပြီးပြည့်စုံပါတယ်လို့တော့ အကြံမပြုပါဘူး။ PhotoShop 3D Tool ထက်ကောင်းတဲ့ 3D Software တွေ သင်တွေ့ရှိနိုင်ပါတယ်။ PhotoShop ထဲမှာ သင်တွေ့ရမယ့် 3D Tool ကတော့ Color နဲ့ Texture တွေကို လွယ်ကူစွာ ဖြည့်စွက်နိုင်တဲ့ WYSIWYG Interface အနေနဲ့မြင်ရမှာပါ။ Print ထုတ်ချင်ရင်တော့ app’s menu ထဲက single button ကို နှိပ်လိုက်ရုံပါပဲ။ ဒီလိုဆိုတော့ PhotoShop 3D Tool ဟာ 3D Modelling တွေအတွက် တစ်စိတ်တစ်ပိုင်းမှာ လွယ်ကူစွာ အထောက်အကူဖြစ်စေမယ့် tool ပါ။ Adobe ဟာ သူ့ရဲ့ PhotoShop 3D Tool ကို ဘာပြောလည်းဆိုတော့ 3D model တွေ print ထုတ်ဖို့ အလိုအလျောက်ရွေးခြယ် စုစည်းပေးမယ့် ယာယီအထောက်အကူဖြစ်စေတဲ့ Tool လို့ပြောပါတယ်။ 3D Printer တွေကို အထောက်အပံ့ဖြစ်စေတဲ့ Makerbot လည်း ပါဝင်ပါတယ်။

PhotoShop Features အသစ်များအကြောင်း အပြည့်အစုံကို အောက်ပါ video file မှာ ကြည့်ရှုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *