Samsung က နည်းပညာမြင့် ခေါက်ဖုန်း အသစ် ကို ကြေညာလိုက်ပါတယ်။ W2014 လို့နာမည်ပေးထားပြီး Samsung ရဲ့ ခေါက်ဖုန်းတွေထဲမှာတော့ အမြန်ဆုံး ဖုန်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ 2.3GHz quad-core Snapdragon 800 processor ကိုအသုံးပြုထားပြီး 2GB RAM, 32GB Internal Memory ပါရှိပါမယ်။ Micro SD Card Slot တစ်ခုလည်းပါရှိပါမယ်။ 13 Megapixel Camrea ကို အနောက် ဘက်မှာတပ်ဆင်ထားပြီး အရှေ့ ကင်မရာကတော့ 2 Megapixel ရှိပါတယ်။ Wifi 802.11 a/b/g/n/ac , Bluetooth 4.0, 1900mAh Battery တို့ပါရှိမှာဖြစ်ပြီး Android 4.3 Jelly Bean ကိုမောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ Galaxy Golden လို Dual Display ပါရှိမှာဖြစ်ပြီး 3.7 လက်မ 800×480 Resolution ပါရှိမှာဖြစ်ပြီး Super AMOLED ကိုအသုံးပြုထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကိုတော့ မသိရသေးပါဘူး။
Samsung ရဲ့ ခေါက်ဖုန်း အသစ် W2014

03
Nov
very good