လောင်စာဆီခွေျတာရေး လှုပ်ရှားမှု အဖြစ် လာမည့်စက်တင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကိုယ်ပိုင်ယာဉ်များ မသုံးစွဲရနေ့ (Car Free Day) သတ်မှတ်ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ Car Free Day လှုပ်ရှားမှုဖြင့် သဘာ၀ ပတ်၀န်းကျင် ထိခိုက်မှု သက်သာစေမည် ဖြစ်ကြောင်း၊ ရန်ကုန်မြစ်၊ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်း အတွင်းပိုင်းရှိ မြို့နယ်များတွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကန့်သတ်သွားမည် ဖြစ်ကြောင်း၊ နံပါတ်အနက် တပ်ဆင်ထားသည့် ကိုယ်ပိုင် ယာဉ်များကို ကန့်သတ်သွားမည် ဖြစ်ပြီး နံပါတ် အနီ၊ အဝါ၊ အဖြူ၊ အပြာ အရောင်များ တပ်ဆင်ထားသည့် ယာဉ်များကိုမူ ခွင့်ပြု သွားမည် ဖြစ်ကြောင်း သိရသည်။ ယခင်က Dry Dayအဖြစ် ဌာနဆိုင်ရာ ယာဉ်များ မသုံးစွဲရနေ့ အဖြစ် တစ်လ၂ ကြိမ် သတ် မှတ် လုပ်ဆောင်ခဲ့ကြောင်း၊ ယခု Car Free Day ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုယ်ပိုင်ယာဉ်များ မသုံးရနေ့ သတ်မှတ်မည်

05
Sep
ကိစၥနမရွိတို့ကကိုယ္ပိုင္ယဥ္မရွိ
ယင်မသုံးရဆိုတော့ခြင်သုံးပေါ့
ငါတို့ ကတော့ နေ့ တိုင်းကိုသတ်မှတ်ထားတာ 😛
ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ဟာကိုယ်မောင်းတာလာပိတ်ပင်ရင်တော့…