News

Microsoft ထုတ် ပထမဆုံး Laptop

Microsoft ဟာ ဖုန်းတွေ၊ တက်ဘလက်တွေ၊ OS တွေနဲ့ အခြား ကွန်ပျူတာ ပစ္စည်းတွေ ထုတ်ပေမယ့် Laptop ကိုတော့ အခုမှ စထုတ်တာ ဖြစ်ပါတယ်။ ထုတ်တယ်ဆိုတာကလည်း သူ့ရဲ့ မဟာပြိုင်ဘက် Apple ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်တဲ့ Laptop မျိုးကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Microsoft ဟာ အောက်တိုဘာ ၆ ရက်က နယူးယောက်မှာ ကျင်းပခဲ့တဲ့ ပစ္စည်းသစ်ပြပွဲမှာ Surface Pro 4နဲ့ Lumia ဖုန်းအသစ်တွေအပါအဝင် Surface Book အမည်ရ Laptop တစ်ဖြစ်လည်း တက်ဘလက်ကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Surface Book ရဲ့ မျက်နှာပြင်အရွယ်အစားက ၁၃ လက်မရှိပြီး အခြေခံ ဒီဇိုင်းက MacBook နဲ့ဆင်ပါတယ်။ ဒါပေမယ့် ထူးခြားတဲ့အချက်ကတော့ screen ကို ဖြုတ်နိုင်တဲ့အတွက် တက်ဘလက်တစ်လုံးအနေနဲ့လည်း အသုံးပြုလို့ရတာပါပဲ။ မျက်နှာပြင်က touch စနစ်ကို အထောက်အပံ့ပေးထားပြီး Laptop မှာ Surface Pen လည်းပါဝင်တဲ့အတွက် မျက်နှာပြင်မှာ ပုံဆွဲလိုသူတွေတော့ ဟန်ကျပါတယ်။ ဒါ့အပြင် Graphic ပိုင်းနဲ့ Memory ပိုင်းတွေက အားရစရာကောင်းနေတဲ့အတွက် Powerful Laptop/Tablet တစ်လုံးသုံးချင်တဲ့သူတွေအဖို့ မက်လောက်စရာအနေအထားဖြစ်ခဲ့တယ်။ OS ကဆိုရင်လည်း Windows 10 ဖြစ်တဲ့အတွက် Surface Book ဟာ လက်ရှိ နည်းပညာသမားတွေကြား အပြောများတဲ့ နောက်ဆုံးပေါ် Laptop တစ်လုံး ဖြစ်လို့နေပါတော့တယ်။

မျက်နှာပြင်
တိတိကျကျဆိုရရင် မျက်နှာပြင်အရွယ်အစားက ၁၃.၅ လက်မရှိပါတယ်။ resolution က 3,000×2000 ရှိပါတယ်။ ရှေ့မျက်နှာပြင်မှာ 5 megapixel ကင်မရာပါဝင်ပြီး နောက်ဘက်မှာတော့ 8 megapixel ကင်မရာပါဝင်ပါတယ်။ နောက်ကင်မရာကနေ 1080p HD ဗီဒီယိုတွေရိုက်ကူးနိုင်ပါလိမ့်မယ်။

အလေးချိန်
မျက်နှာပြင် သီးသန့်ဆိုရင် 1.6 ပေါင်လေးပြီး keyboard ပါဝင်ရင်တော့ 3.3 ပေါင်အလေးချိန်ရှိပါလိမ့်မယ်။

Memory, Graphic, CPU and HDD
Surface Book ဟာ PCIe 3.0 SSD ကို အသုံးပြုထားပါတယ်။ 128 GB, 256 GB, 512 GB (သို့မဟုတ်) 1 TB ဆိုပြီး အစားစားရှိပါတယ်။ CPU ပိုင်းမှာဆိုရင်လည်း Intel Core i5 (သို့မဟုတ်) i7 ကို ရွေးချယ်နိုင်ပါတယ်။ Graphic ပိုင်းမှာဆိုရင်တော့ Nvidia GeForce GPU 16 GB ကို အသုံးပြုထားတော့ ဒီဇိုင်နာတွေနဲ့ ဂိမ်းသမားတွေအကြိုက်ဖြစ်သွားခဲ့တယ်။ RAM (Memory) ပိုင်းမှာဆိုရင်လည်း 8GB (သို့မဟုတ်) 16 GB ရရှိနိုင်ပါတယ်။

Battery
Surface Book ရဲ့ Battery နဲ့ ၁၂ နာရီကြာ ဗီဒီယိုကြည့်နိုင်တယ်လို့ ကုမ္ပဏီက ကြေညာသွားခဲ့တယ်။ Laptop ကို ခေါက်ပြီး ပိတ်ထားရင်လည်း battery မကုန်တဲ့အတွက် သိပ်မသုံးဖြစ်ဘူးဆိုရင် တစ်ခါအားသွင်းရုံနဲ့ ရက်ပေါင်းများစွာ အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်း
ဈေးနှုန်းကတော့ ကိုယ်ထည့်ချင်တဲ့ ပစ္စည်းအပေါ်မူတည်ပြီး အစားစားရှိပါတယ်။ 128 GB model ကို ဒေါ်လာ 1,499 ဖြစ်ပြီး 1 TB ဆိုရင်တော့ ဒေါ်လာ 2.699 ဖြစ်ပါတယ်။ ဈေးနည်းတဲ့ model မှာဆိုရင်တော့ Nvidia GPU ပါဝင်မှာ မဟုတ်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *