News

360-Degree Videoconferencing Camera

Videoconferencing ပြုလုပ်တဲ့အခါမှာ အခန်းထဲက လူအားလုံးကို တစ်ဖက်ကလူက မြင်တွေ့နိုင်ဖို့ ခက်ခဲပါတယ်။ အဲဒီပြဿာနာ ကိုဖြေရှင်းပေးနိုင်တာက Polycom ရဲ့ CX8000 Videoconferencing Room System ဖြစ်ပါတယ်။ အဆိုပါစနစ်က ရိုးရှင်းပြီး Microsoft Lync ဆော့ဝဲကို အသုံးပြုထားပါတယ်။ အစည်းအဝေးခန်းမ တစ်ခုလုံးကို မြင်တွေ့နိုင်တဲ့ 360 Degree Panoramic Camera တပ်ဆင်ထားပါတယ်။

ခလုတ်တစ်ချက်နှိပ်တာနဲ့ အလွယ်တကူ အသုံးပြုလို့ရပြီး ၃၆၀ ဒီဂရီကင်မရာက အလွန်ထူးခြားတဲ့ အတွေ့အကြုံကိုပေးစွမ်းနိုင် ပါတယ်လို့ Polycom က Laura Marx က ပြောပါတယ်။ CX8000 ဟာ ပြီးခဲ့တဲ့နှစ်က နောက်ဆုံးထုတ်ခဲ့တဲ့ Lync နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

Lync ဟာ ထိတွေ့မျက်နှာပြင်နဲ့ အလုပ်လုပ်ပါတယ်။ Polycom ရဲ့ နည်းစနစ်မှာ App တွေကို Share လုပ်နိုင်ပါတယ်။ Lync ‘s Gallery View ကို အသုံးပြုပြီး အစည်းအဝေးမှာ ပါ၀င်သူတွေဟာ နှစ်သက်ရာ Video Screen ကိုချိန်ညှိနိုင်ပါတယ်။

Polycom ရဲ့ စနစ်ဟာ အနိမ့်ဆုံး ဒေါ်လာ (၁၅၀၀၀) သတ်မှတ်ထားတဲ့အတွက် ဈေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက်ပဲ အသုံးပြုလို့ သင့်တော်မှာဖြစ်ပါတယ်။ Lync ကိုတော့ အခမဲ့ထည့်သွင်းပေးမှာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ပါ၀င်ဆွေးနွေးဖို့ မည်သည့် Device ကနေမဆို Lync မှတစ်ဆင့် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။

Polycom က ဒီလထဲမှာ သူ့ရဲ့ Lync အခြေပြုစနစ်ကို Software Update ပြုလုပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Polycom လို စွမ်းဆောင်နိုင်တဲ့ ဈေးသက်သာတဲ့ Tools တွေရှိပြီး Google Handouts, ooVoo တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် 360 Degree Panoramic Camera မြင်ကွင်းကိုတော့ ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။

Polycom က CX8000 ကို စတင်ရောင်းချပေးနေပြီး မတ်လမှာ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *