Automobile

ပေါ်ထွက်လာတဲ့ အံ့သြဖွယ် အယူအဆတွေနဲ့ ကားပုံစံများ

ဒီဇိုင်းအယူအဆတွေနဲ့ ကားများဖန်တီးရန်မှာ စက်မှုလုပ်ငန်းနှင့်ဆိုင်တဲ့ ဒီဇိုင်းနာများရဲ့ အိမ်မက်တစ်ခုပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ နည်းပညာ ကန့်သတ်မှုတွေကို ဥပေက္ခာပြုကာ အနာဂတ်မျှော်ကိုးပြီး အံ့သြလောက်စေမယ့် အယူအဆတွေနဲ့ ကားဒီဇိုင်းများကို ဖန်တီးခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သင်မြင်ရမယ့် အံ့သြစရာ အယူအစတွေနဲ့ကားများဟာ အရေးပါတဲ့ဖန်တီးမှုများကို စုစည်းထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို ဆန်းကြယ်လှပတဲ့ ဒီဇိုင်းနှင့် အံ့သြဖွယ် နည်းပညာများကို ပေါင်းစပ်ကာ ဖန်တီးတင်သွင်းလေ့ရှိကြတယ်။

၁. ASTON MARTIN CC100 SPEEDSTER
သင့်ကို ဖျော်ဖြေမှုရသပေးမယ့် ဒီဇိုင်းပုံစံ အယူအဆနဲ့ Aston Martin က လတ်တလော အချိန်မှာ ပြုလုပ်ထားတာပါ။
Aston Martin
၂. MERCEDES-BENZ AMG VISION GRAN TURISMO
ဒီပုံကတော့သင် google image search မှာ badass လို့ ရိုက်နှိပ်ပြီးရှာရင် ပထမဆုံးပေါ်လာမယ့် ကားပုံပါ။ ဒီကားပုံစံ အယူအဆကတော့ Mercedes ရဲ့ Gran Turismo 6 နီးပါးတူပြီး Gran Turismo ရဲ့ အနာဂတ် ပုံစံလို့ ယူဆလို့ရပါတယ်။
Mercedes-Benz
၃. AUDI CALAMARO
နောက်ဆုံးမှာတော့ Audi ရဲ့ လေးလေးနက်နက်နဲ့ ဖန်တီးမှုက ပျံသန်းနိုင်တဲ့ အယူအဆနဲ့ ကားပုံစံကိုတွေ့ရပါမယ်။ ၂၀ ရာစု Audi ရဲ့ ဖန်တီးမှုပါ။
Audi
၄. NISSAN BLADEGLIDER CONCEPT
ကားပုံစံကတော့ ဦးခေါင်းပိုင်း ချွန်သွားတဲ့ ဒီဇိုင်းပါ။ The Nissan Bladeglider ကားပုံစံဟာ Nissan က ရွေးချယ်လိုက်တဲ့ အရင်းအမြစ်ကို အကျိုးသက်ရောက်မှု ရှိစေမယ့်ပုံသဏ္ဏာန်ပါ။ ကမ္ဘာကို ဦးဆောင်မယ့် လျှပ်စစ်ကား ထုတ်လုပ်ရေး စံနမူနာ အနေနဲ့ ပုံစံသစ်တင်သွင်းတဲ့ ဒီဇိုင်းလို့ Nissan က သတ်မှတ်ပါတယ်။
Nissan
၅. CADILLAC’S WORLD THORIUM FUEL CONCEPT
ဒီကားရဲ့ အယူအဆဟာဆိုရင် အနုမြူစွမ်းအင်သုံးပုံစံအပြင် ရေဒီယိုသတ္တိကြွ သတ္တုစွမ်းအင်တွေပါ အသုံးပြုနိုင်တယ်။ အဲဒီလို စွမ်းအင်သုံးဟာ နောင်ဖြစ်လာနိုင်တဲ့ Cadillac’s ရဲ့ အယူအဆကားပါပဲ။
Cadillac
၆. BMW ZX-6 FUTURISTIC CAR CONCEPT
Turin University မှ ကျောင်းသားလေးများက ဖန်တီးထားတာဖြစ်ပြီး ယနေ့ခေတ် အမြင်နဲ့ဆိုလျင် ထူးခြားဆန်းကြယ်တဲ့ ဒီဇိုင်း လေးပါ။
BMW
၇. LEXUS NUAERO
Jon Radbrink ရဲ့ ဖန်တီးမှုများမှ အကောင်းဆုံး ကားအယူအဆတွေထဲက တစ်ခုဖြစ်တဲ့ design ပါ။ ၂၀ဝ၈ခုနှစ် Royal ကောလိပ်ရဲ့ အနုပညာဒီဂရီပြပွဲမှာ ပြသခဲ့ပါတယ်။
Lexus
၈. IOMEGA BY JOONAS VARTOLA
အယူအဆကတော့ အံ့သြဖွယ် ခေတ်ရှေ့ပြေးတဲ့ ကား design ဖြစ်ပြီး designer Joonas Vartola ရဲ့လက်ရာလေးပါ။
iomega-concept-by-joonas-va

Leave a Reply

Your email address will not be published. Required fields are marked *