News

စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်နှင့် အသေးစားလုပ်ငန်း ဖွံ့ဖြိုးမှုဆိုင်ရာသင်တန်း

အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း CVT Myanmar သည် ၂၀၁၃ ခုနှစ် မေလမှစတင်ကာ Swiss Agency for Development and Cooperation (SDC) ၏ ပံ့ပိုးမှုဖြင့် စွမ်းရည်မြှင့်တင်ရေး စီမံချက်ကို အသီးသီးသော စီမံချက်ငယ်များဖြင့် စတင် လုပ်ဆောင်နေပါသည်။ အသက်မွေးဝမ်းကျောင်းပညာများနှင့် နည်းပညာရပ်များ သင်ယူတတ်မြောက်ခဲ့ပြီး မိမိကိုယ်ပိုင် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လိုကြသော ၃၅ နှစ်အောက် လူငယ်များအတွက် ရည်ရွယ်ကာ “Post Graduate Program for Young Entrepreneurship” ဟူ၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Apprenticeship (Dual Education) အလုပ်သင် သင်တန်းသားပညာရေးစနစ်နှင့် ဆက်စပ်ကာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ (VET) သင်တန်းများမှာ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တွင် လိုအပ်ချက်ရှိနေဆဲ ဖြစ်သည်။ ထိုကဲ့သို့ TVET သင်တန်းဆင်းများမှ ကိုယ်ပိုင်လုပ်ငန်းငယ်များ တည်ထောင်လိုသူတို့၏ လိုအပ်ချက်ကို တတ်နိုင်သမျှ တစ်တပ်တစ်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် CVT Myanmar သည် စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များအတွက် စီးပွားရေးဆိုင်ရာ ပညာရပ်များကို ပို့ချပေးမည့် Entrepreneurship & SME Development Pilot Training သင်တန်းကို သက်ဆိုင်ရာ အတွေ့အကြုံများစွာရှိသော Trainers, Co-Trainers များဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

သင်တန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်နိုင် ခဲ့သည်။  သင်တန်းကာလမှာ ၉ ပတ်ကြာမြင့်မည် ဖြစ်ပြီး အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် တက်ရောက်ရမည် ဖြစ်ပါသည်။

ထိုသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပထမဆုံး အဖွင့်အမှာစကားကို ဆရာမ ဒေါ်မေသူကျော်မှ ပြောကြားခဲ့ပါသည်။ ထို့နောက် ဒါရိုက်တာ ဒေါ်ယဉ်ယဉ်အေးမှ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် Development Director Mr. Stefan မှ သင်တန်းသား၊ သင်တန်းသူများအား နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများသည် စီးပွားရေး လုပ်ငန်းငယ်များ ပြုလုပ်ခြင်း၊ ဈေးကွက်ကို ပိုင်နိုင်စွာ ရရှိနိုင်ရန် နည်းလမ်းကောင်းများ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲမှုများအပြင် HR ပညာရပ်များ၊ လုပ်ငန်းတစ်ခုလုံး ကိုင်တွယ်အုပ်ချုပ်ပုံနည်းလမ်းများ စသည်ဖြင့်  နှစ်လကြာ လေ့လာသင်ယူရမည် ဖြစ်ပါသည်။ နှစ်လကြာသင်တန်းပြီးဆုံးပါက စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ရာနယ်ပယ်တွင် ပိုမိုကျွမ်းကျင်သေချာသော CVT Myanmar ၏ Post Graduate ဘွဲ့ရလူငယ် စီးပွားရေးလုပ်ငန်းရှင်များ  မွေးထုတ်နိုင်မည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *