News

Lenovo က သူ့ရဲ့ပထမဆုံး ရှစ်လက်မ Windows 8.1 Tablet ကိုထုတ်ဖော်ပြသ။

ကမ္ဘာ့ အကြီးဆုံး ကွန်ပြူတာထုတ်လုပ်တဲ့ Company တွေထဲကတစ်ခုဖြစ်တဲ့ Lenovo က သူ့ရဲ့ပထမဆုံး ရှစ်လက်မ အရွယ်အစားရှိတဲ့ Windows Tablet ကို ဗုဒ္ဓဟူး နေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ Windows 8.1 ကိုမောင်းနှင်အသုံးပြုမှာဖြစ်ပြီး Screen သေးငယ်တဲ့ Windows Tablet တွေထုတ်လုပ်တဲ့နယ်ပယ်ထဲကို စောစောစီးစီး ၀င်ရောက်လာခဲ့ပါပြီ။

Miix2 လို့နာမည်ပေးထားပြီး ရိုးရှင်းတဲ့ ဒီဇိုင်း ကိုအသုံးပြုထားပါတယ်။ အရှေ့၊ အနောက် ကင်မရာ နှစ်ခုပါရှိမှာဖြစ်ပြီး 2 megapixels , 5 megapixels အသီးသီး တပ်ဆင်ထားပါတယ်။ 64 GB Storage ပါရှိပြီး 128 GB ထိထပ်ဖြည့်နိုင်တဲ့ Micro SD Slot လည်းပါရှိပါတယ်။

Intel ရဲ့Bay Trail-T Quad Core Processor ကိုအသုံးပြုထားပြီး Windows XP, 7 တို့က Apps တွေကိုတောင် Run ပေးနိုင်ပါတယ်။ Display ကတော့ 1280 x 800 ဖြစ်ပြီး ဒီနေ့ခေတ် Tablet တွေရဲ့စံနှုန်း နဲ့ကိုက်ညီပါတယ်။ အနက်ရောင်၊ ပန်းရောင်၊ အပြာရောင် Cover တွေကိုလည်း တပ်ဆင်အသုံးပြုနိုင်ပြီး Stand အနေနဲ့လည်းသုံးနိုင်ပါတယ်။

$299 သတ်မှတ်ထားပြီး ဒီလကုန်ပြီးနောက်ပိုင်းမှာ ၀ယ်ယူနိုင်မယ်လို့ Lenovo ကပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *