News

မြန်မာနိုင်ငံ၏၂၀၅၀ပြည့်နှစ်တွင် တိုးပွါးလာမည့်လူဦးရေ သန်းတစ်ရာအတွက် စားနပ်ရိက္ခာဖူလုံစေရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံ၌၂၀၅၀ပြည့်နှစ်တွင်တိုးပွားလာမည့်လူဦးရေသန်းတစ်ရာအတွက် စားနပ်ရိပ်က္ခာ ဖူလုံစေရန် ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်နေသည်ဟု အောက်တိုဘာ၁၆ရက်ကနေပြည်တော်၌ ပြုလုပ်ခဲ့သည့်၂၀၁၃ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားတွင်ဒုတိယသမ္မတဦးဉာဏ်ထွန်းကပြောကြားခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိသဘာဝကပေးထားသည့်အနေအထားများအရ ဒေသတွင်းစားနပ် ရိက္ခာဖူလုံရေးအတွက်လည်း ပိုလျှံသည်များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်သည့်နိုင်ငံဖြစ်ကြောင်း လူဦးရေတိုးပွားလာမှု.အတွက် စားနပ်ရိက္ခာဖြည့်.ဆည်းနိုင်ရေးကို တွက်ချက်ဆောင်ရွက်ရသကဲ့သို. အခြားတစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲမှု.နှင့်သဘာ၀ဘေးအန္တရာယ်တို့၏ လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်မှု.များကို စီမံဆောင်ရွက်နေသည်ဟု ဒုတိယသမ္မတဦးဉာဏ်ထွန်းကပြောကြားခဲ.သည်။

နေ.စဉ်တိုးပွားနေသော ကမ္ဘာ့လူဦးရေအတွက်စားနပ်ရိက္ခာဖူလုံရေးနှင့် လုံခြုံရေးသည်အဓိကစိန်ခေါ်မှု ကြီးတစ်ရပ်ဖြစ်သည်ဟုလည်း ဆက်လက်ပြောကြားခဲ.သည်။

လက်ရှိတွင်ကမ္ဘာ့လူဦးရေသည် ခုနစ်ဘီလျံထိရှိလာပြီးလာမည့်၂၀၅၀ပြည့်နှစ်တွင် ကိုးဘီလျံအထိတိုးပွားလာနိုင်သည်ဟု ပညာရှင်များကခန်.မှန်းထားသည်။ ကမ္ဘာပေါ်တွင်အသက်ငါးနှစ်အရွယ်ကလေးငယ်ငါးဦးအနက် လေးဦးမှာကြီးထွားမှု.နှေးကွေးပြီး ကျုံလှီသည့်အခြေအနေဖြင့် ရင်ဆိုင် နေကြရကြောင်း တစ်နည်းအားဖြင်.ကမ္ဘာပေါ်ရှိ၁၆၅သန်းသော ငါးနှစ်အောက်ကလေးငယ်များသည် အဟာရချို့တဲ့နေသည်ဟုဒုတိယသမ္မတဦးဉာဏ်ထွန်းကပြောကြားသည်။

ထို့အပြင်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာ့လူဦးရေနှစ်ဘီလီလျံသည် ကျန်းမာမှု.အတွက်မရှိမဖြစ် လိုအပ်သည့်ဗီတာမင်နှင့်သတ္တုဓါတ်ချို့တဲ့မူ.ကိုခံစားနေရကြောင်းသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “မြန်မာနိုင်ငံ၏၂၀၅၀ပြည့်နှစ်တွင် တိုးပွါးလာမည့်လူဦးရေ သန်းတစ်ရာအတွက် စားနပ်ရိက္ခာဖူလုံစေရန် ဆောင်ရွက်နေ

  1. Winshwe As says:

    ဘယ်လိုလုက်တာလဲ ဟင်

  2. ယခုအချိန်ထက် ကောင်းသောအချိန်မရှိ။

Leave a Reply

Your email address will not be published. Required fields are marked *