News

ဘယ် နည်းပညာ Company မှာသင်အလုပ်လုပ်ချင်သလဲ? Google? Apple? Facebook? Microsoft?

LinkedIn က လူတွေ အလုပ်လုပ်ချင်ဆုံး Company တွေရဲ့စာရင်းကို ၂၀၁၃ ခုနှစ်အတွက်ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံး Company နှစ်ခု က နည်းပညာနယ်ပယ်ထဲက ဖြစ်ပြီး Google နဲ့ Apple တို ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အဆင့် သုံး နဲ့ လေး နေရာမှာရပ်တည်ခဲ့တဲ့ Microsoft နဲ့ Facebook တို့ကတော့ အဆင့် ငါး နဲ့ခြောက်နေရာကိုပြုတ်ကျသွားခဲ့ပါတယ်။

ရလဒ်တွေက LinkedIn အသုံးပြုသူ 238 သန်း နဲ့ Professionals နဲ့ Company နယ်ပယ်က 25 သန်း တို့ကို အခြေခံစာရင်းပြုစုထားတာပါ။ အသေးဆုံး Company( အလုပ်သမားအနည်းဆုံး) ဖြစ်တဲ့ Stockholm အခြေစိုက် Spotify ကို အဆင့် ၉၉ နေရာတွေ့မြင်ရမှာဖြစ်ပြီး Amazon ကတော့ အဆင့် ၁၀ ထဲမှာပါ၀င်လာပါတယ်။

၂၀၁၃ ခုနှစ်အတွက် လူတွေ အလုပ်လုပ်ချင်ဆုံး Company တွေထဲက Tech Company ၂၀ ကိုရွေးချယ်ဖော်ပြလိုက်ပါတယ်။

• 1: Google

• 2: Apple

• 5: Microsoft

• 6: Facebook

• 7: Amazon

• 23: Twitter

• 25: Salesforce.com

• 38: VMware

• 39: Oracle

• 44: Electronic Arts

• 53: Adobe

• 55: HP

• 59: Razorfish

• 60: Cisco

• 74: Netflix

• 84: Red Hat

• 85: Samsung

• 89: Siemens

• 90: IBM

• 99: Spotify

Company တွေရဲ ့42% က အမေရိကန် ပြင်ပကဖြစ်ပြီး အရင်နှစ်က တော့ 32% လောက်ကပဲ အမေရိကန်ပြင်ပကဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတကာက Company တွေ မှာ လူတွေ အလုပ်လုပ်ချင်တဲ့ ရာခိုင်နှုန်းပိုများလာတယ်လို့လည်း LinkedIn ကမှတ်ချက်ပြုခဲ့ပါတယ်။.

၂၀၁၂ ခုနှစ်ကစာရင်းနဲ့နှိုင်းယှဉ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

• 1: Google

• 2: Apple

• 3: Microsoft

• 4: Facebook

• 13: Salesforce.com

• 14: Twitter

• 25: Amazon

• 35: Electronic Arts

• 36: Samsung

• 37: HP

• 39: Netflix

• 41: Groupon

• 42: Zynga

• 46: VMware

• 49: RedHat

• 74: IBM

• 75: HTC

• 81: Activision

• 87: Adobe

• 100: LivingSocial

LinkedIn ရဲ့ စာရင်းက နည်းပညာ Company တွေကို ပဲရွေးချယ်ဖော်ပြထားတာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာရေပန်းစားနေတဲ့ Social Networks တွေက ၀င်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာပြီး လူတွေ အလုပ်လုပ်ချင်ဆုံး Company တွေနေရာမှာ ခိုင်ခိုင်မာမာနေရာယူထားကြပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

5 thoughts on “ဘယ် နည်းပညာ Company မှာသင်အလုပ်လုပ်ချင်သလဲ? Google? Apple? Facebook? Microsoft?

  1. Laik Saikham says:

    MpTမပါဝူးလာ

  2. i don’t want to pay my ………..for they

  3. i want to pay ……….@mdy

Leave a Reply

Your email address will not be published. Required fields are marked *