News

SONY စမတ်ဖုန်းအသစ်မှာ ပေါ်ထွက်လာတဲ့ Animated ရုပ်ပုံများ

Mother Volcano Studio မှ ဖန်တီးပေးထားပြီး အတွဲအစပ်များဖြင့် ဖွဲ့စည်းထားတဲ့ လှုပ်ရှားမှုသဏ္ဏာန် အရုပ် ၉ မျိုးပါဝင်ကာ စိတ်ဝင်စားစရာ campaign လေးအနေနဲ့ အသုံးပြုသူများအတွက် ပျော်ရွှင်စေဖို့ SONY ရဲ့ ရင်းနှီးမြှပ်နှံမှု တစ်ရပ်ဖြစ်ပါတယ်။

SONY ရဲ့ထုတ်ကုန်သစ် မိတ်ဆက်ရန်အတွက် ဖန်တီးခဲ့တာဖြစ်ပြီး platforms တော်တော်များများမှာ အလုပ်လုပ်ပါတယ်။ SONY ရဲ့ customers သစ်များကို ဆွဲဆောင်နိုင်မည့်အပြင် customers ဟောင်းများ၏ မျက်လုံးကိုပါ ဖမ်းစားနိုင်မယ့် ဖန်တီးမှုလေးပါ။ အဲဒီ့ ဖန်တီးမှုလေးဟာ SONY အတွက် ပဲရစ် အခြေစိုက် Uzful agency မှတစ်ဆင့် ပေါ်တူဂီ အခြေစိုက် Mother Volcano Studio ကို project အနေနဲ့ အပ်နှံခဲ့တာဖြစ်ပါတယ်။

SONY Mobile ထုတ်ကုန်အသစ်အနေနဲ့ ထွက်ရှိလာမဲ့ Xperia Z Ultra မိတ်ဆက်ပွဲမှာပါလာမှာဖြစ်ပြီး လှုပ်ရှားမှုသဏ္ဏာန်နဲ့ ရုပ်ပုံ ၉ မျိုးကိုဖန်းတီးထားပါတယ်။ တောက်ပတဲ့ ရောင်စုံများဖြင့် ဆွဲမက်စေပြီး လှုပ်ရှားမှု သဏ္ဏာန်များဟာ သင့်ကို နှစ်လိုဖွယ်ခံစားမှု ပေးပါလိမ့်မယ်။

နောက်ထပ်လဲ Mother Volcano Studio အဖွဲ့အနေဖြင့် SONY အတွက် စိတ်ဝင်စားစရာ projects များထပ်ရှိလာမလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။
volcano

volcano2

volcano3

volcano4

volcano5

volcano6

volcano7

Leave a Reply

Your email address will not be published. Required fields are marked *