News

Asus က 4K ရုပ်ထွက်တွေ ပြသပေးနိုင်တဲ့ Chromebox ကွန်ပြူတာကို ထုတ်ဖော်ပြသ

Asus က Chromebox ကွန်ပြူတာကို ထုတ်ဖော်ပြသလိုက်ပြီး မတ်လမှာ ဒေါ်လာ(၁၇၉)နဲ့ ရောင်းချမှာဖြစ်ပါတယ်။ Chrome OS ကိုအသုံးပြုထားတဲ့ ကွန်ပြူတာအသေးလေးဖြစ်ပြီး ၄.၈၈၀ လက်မ အကျယ်ရှိပါတယ်။ ၁.၆၅ လက်မ အမြင့်ရှိပြီး ကမ္ဘာ့အသေးဆုံး Chrome Computer ဖြစ်ပါတယ်။

Chromebox မှာ 802.11 b/g/n Wireless အသုံးပြုနိုင်ပါတယ်။ USB 3.0 Port လေးခု ပါရှိပါတယ်။ HDMI နဲ့ Display Port တွေလည်းပါရှိပါတယ်။ SD Card Reader, Intel Haswell Processor, 2GB or 4GB RAM, Intel HD Graphic တို့တပ်ဆင် ထားပါတယ်။

ဈေးနှုန်းသက်သာတဲ့အကြောင်းကတော့ Chrome OS က Processing Power သိပ်မလိုအပ်လို့ဖြစ်ပါတယ်။ Chrome OS က ပေါ့ပါးပြီး Web Applications တွေကို အသုံးပြုဖို့ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

“Asus ရဲ့ Chromebox ဟာ Chrome OS ရဲ့ ရိုးရှင်းမှု၊ လုံခြုံမှု နဲ့ လျှင်မြန်မှုကို အကောင်းဆုံး အသုံးပြုနိုင်မှာဖြစ်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ Chrome Device ဖြစ်ပါတယ်။ အိမ်၊ ရုံး၊ ကျောင်းတွေမှာ အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်ပါတယ်။ “ လို့ Google ရဲ့ ထုတ်ကုန်စီမံခန့်ခွဲရေးဌာနမှ ဒါရိုက်တာဖြစ်သူ Felix Lin က ပြောပါတယ်။

ဒေါ်လာ(၁၇၉)နဲ့ ရောင်းချမယ့် Chromebox မှာတော့ ကီးဘုတ်နဲ့မောက်စ် မပါရှိဘဲ သီးခြား၀ယ်ယူအသုံးပြုရမှာ ဖြစ်ပါတယ်။ Intel i3 Version ကို အသုံးပြုထားတဲ့ Chromebox ဟာ 4K Ultra High Definition ရုပ်ထွက်တွေကို ပြသပေးနိုင်ပါတယ်။ Netflix ရဲ့ 4K Video တွေကို ကြည့်ဖို့အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *