News

ပထမအကြိမ် သိပ္ပံဉာဏ်စွမ်းရည် အားစမ်းပွဲ နို၀င်ဘာ ၃ရက်တွင် ကျင်းပမည်

မလေးရှားအဆင့်မြင့် ပညာရေး၀န်ကြီးဌာနမှ ကြီးမှုးကျင်းပမည့် ပထမဆုံးအကြိမ် သိပ္ပံဉာဏ်စွမ်းရည် အားစမ်းပွဲ (The First Science Challenge ,Yangon 2013) အား လာမည့် နို၀င်ဘာတွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပွဲအားမလေးရှားရှိ နိုင်ငံတကာ ဆေးတက္ကသိုလ်ဖြစ်သော International Medical University နှင့် Jenko  Group Of Educate Services တို့ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး နို၀င်ဘာ၃ရက်တွင် ရန်ကုန်မြို့ရှိ ထရိတ်ဒါးဟိုတယ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းဉာဏ်စွမ်းရည်ပြိုင်ပွဲအား တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများနှင့် တက်ရောက်ဆဲကျောင်းသား ကျောင်းသူများ၊ IGCSEO Levil အဆင့်ရှိသည့် အသက်၁၅နှစ်မှ ၁၇နှစ်ရှိ ကျောင်းသားကျောင်းသူများ ပါ၀င် ယှဉ်ပြိုင်နိုင်မည် ဟုဆိုသည်။

“ဒီသိပ္ပံ ဉာဏ်စွမ်းရည်ပြိုင်ပွဲက ရန်ကုန်မှာကျင်းပတာ ပထမဆုံးပါ။ပြိုင်ပွဲမှာ နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်းပြု လုပ်တာမို့လို့ ကျောင်းသားလူငယ်တွေ အတွက်နိုင်ငံတကာ အတွေ့အကြုံတွေရမယ်။ပညာသင်ကြားရေး အပါအ၀င်ဉာဏ်စမ်းဖြေဆို ရတာတွေကြောင့် ကိုယ့်ရဲ့ပညာရေးအဆင့်အတန်းကိုမြှင့်တင်နိုင်မယ်။ ပြိုင်ပွဲမှာ အနိုင်အရှုံးက အဓိကမဟုတ်ဘဲ နိုင်ငံတကာပညာရေး အတွေ့အကြုံရရေးမို့လို့ အကျိုးရှိပါတယ်”ဟု Jenko မှတာ၀န်ရှိသူတစ်ဦး ကပြောသည်။

ပြိုင်ပွဲတွင် လူဦးရေကန့်သတ်ထားသောကြောင့် ပြိုင်ပွဲ၀င်မည့်ကျောင်းသားများ၊ လေ့လာမည့်သူမျာ းနှင့်ဟောပြော ပွဲတက်ရောက်လိုသူများသည် ပြိုင်ပွဲမတိုင်မီ ကြိုတင်၍ အမည်စာရင်းပေးသွင်းရမည်ဖြစ်သည်။ထပ်မံသိရှိ လိုသည်များအား ဖုန််း ၀၉၅၀၆၂၈၉၁၊၀၉၄၂၀၀၇၆၃၁ တို့တွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *