News

လမ်းဘေးတွင်ရောင်းချသော မျက်မှန်များ မျက်စိထိခိုက်နိုင်

ဗြိတိန်တွင်လမ်းဘေး၌ ရောင်းချသောစာကြည့်မျက်မှန်များ ၀ယ်ယူအသုံးပြုသူများသည် ငွေကုန်သက်သာ သည်ဟု ထင်မြင်ယူဆရသော်လည်း အားနည်းချက်များတွေ့ရှိရကြောင်း သိရသည်။ဈေးချိုသော မျက်မှန်များ တပ်ခြင်းဖြင့် မျက်စိကို ပင်ပန်းစေပြီး မူးေ၀စေ၍ မြင်ကွင်းရုပ်လွှာမှ  နှစ်ထပ်များကို မြင်စေနိုင်ကြောင်း သိရသည်။

အသင့်ပြုလုပ်ပြီး ရောင်းချသောမျက်မှန် ၁၈စုံ၀ယ်၍ လေ့လာရာ ရှစ်စုံတွင် ချို့ယွင်းချက်များရှိနေပြီး တချို့  Boots နှင့် Superdrug ဆိုင်ကြီးများက နာမည်ကြီး တံဆိပ်မျက်မှန်များပါ ပါ၀င်နေကြောင်း သိရသည်။မှန်ဘီလူးများ မှန်ကန်စွာ ထည့်သွင်းမထားခြင်း၊ မျက်မှန်ကိုင်းများ မခိုင်ခြင်းစသည့် အနာအဆာ များပါသည်ကို တွေ့ရှိရသည်ဟုဆိုသည်။

Boots မှဈေးအကြီးဆုံး မျက်မှန်သည် ပေါင်စတာလင် ၂၇ဒသမ ၅၀ ပေးရကြောင်း နှင့် Clarifeye တံဆိပ်ဖြင့် Pound stretcher တွင် ရောင်းသောမျက်မှန်မှာ ၂ဒသမ ၉၉ ပေါင်ပေးရကြောင်း၊ မည်သည့်ဆိုင်မှ မည်သည့်တံဆိပ် စာကြည့်မျက်မှန်ကို တပ်ရန်လမ်းညွှန်သော်လည်း မှန်ဘီလူးတွင် အနာအဆာ မပါသော ဘူးခွံဖြင့်ထုပ်ထားသော မျက်မှန်များကို ရွေးချယ်၀ယ်ယူသင့်ပြီး မျက်မှန်လုပ်သူတစ်ဦးထံမှ ၀ယ်ယူပါက မှန် ဘီလူး၏ပါဝါ နှင့်ဗဟိုနေရာများ မေးမြန်း၀ယ်ယူကြရန် အကြံပြုထားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “လမ်းဘေးတွင်ရောင်းချသော မျက်မှန်များ မျက်စိထိခိုက်နိုင်

  1. Zinmin Tun says:

    လမ်းဘေး ကမဝယ်တော့ဘူး

Leave a Reply

Your email address will not be published. Required fields are marked *