News

ယမကာ မှီ၀ဲသူများ Black Lime Coffee လည်းသောက်ပေးသင့်

အရက်သောက်ခြင်းဖြင့် ရလာနိုင်သည့် နောက်ဆက်တွဲရောဂါများကို ကာကွယ်နိုင်စေရန် Black Coffee ကို သံပရာသီး ညှစ်ထည့်သောက်သုံးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း အာဟာရဆိုင်ရာ အထူးကု ဆရာ၀န်ကြီး ဒေါက်တာ ၀င်း၀င်းမြင့်က ပြောသည်ဟု ဆိုသည်။

အရက်ကို အလွန်အကျွံသောက်သောသူများတွင် အသည်းနှင့်ပတ်သက်သည့် ရောဂါများ အဖြစ်များလျက်ရှိကြောင်း ယင်းကို တစ်ဖက်တစ်လမ်းမှ ကာကွယ်သည့်အနေဖြင့် Black Coffee ကို သံပုရာရည်ညှစ်ထည့်ပြီး သောက်ရကြောင်းသိရသည်။

“အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေက အရက်သောက်သုံးတာကြောင့် ဖြစ်ကြတာများတယ်။ အရက်သောက်ပြီးတာနဲ့ Black Coffee ထဲ သံပုရာသီးကို     ညှစ်ပြီးထည့်သောက်ရင် အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်” ဟု ဒေါက်တာ ၀င်း၀င်းမြင့်က ပြောသည်။

မည်သည့်ကော်ဖီကို မဆို သောက်သုံးခြင်းဖြင့် အမျိုးသားများတွင်ဖြစ်သည့် ဂေါက်ရောဂါများကို ကာကွယ်နိုင်ရုံသာမက လေဖြတ်ခြင်းကိုလည်း ကာကွယ်နိုင်ကြောင်း သိရသည်။ ၎င်းအပြင် အာရုံကြောများ ပျက်စီးချို့ယွင်းခြင်းကိုလည်း ကာကွယ်နိုင်သည့်အတွက် အသက်ကြီးပိုင်းများအနေဖြင့် ကော်ဖီ ပိုသောက်သင့်ကြောင်း ဒေါက်တာ ၀င်း၀င်းမြင့်က အကြံပြုသည်။
“အကိုက်အခဲ ပျောက်ဆေးတွေ သောက်တဲ့သူတွေက အဲဒီဆေးတွေ သောက်လိုက်တဲ့အတွက် သောက်တဲ့သူတွေဟာ  သူတို့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ထိခိုက်စေတယ်။ အဲ့ဒီ ထိခိုက်မှုကို ကော်ဖီသောက်တာက ကာကွယ်ပေးနိုင်တယ်။ နောက်ပြီး သွေးချို ဆီးချိုကိုလည်း ကာကွယ်ပေးတယ်။ တစ်ခု သတိထားရမှာက အလွန်အကျွံသာ မသောက်သုံးဖို့တော့ လိုတယ်” ဟု ယင်းကဆိုသည်။

နေ့စဉ်ပုံမှန် ကော်ဖီလေးခွက်အောက်သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို ကာကွယ်နိုင်ပြီး နေ့စဉ်ကော်ဖီနှစ်ခွက် ပုံမှန်သောက်သူနှင့် မသောက်သူတို့ကို နှိုင်းယှဉ်လျှင် ကော်ဖီ သောက်သောသူသည် သွေးတိုးနှုန်းကို နည်းစေကြောင်းသိရသည်။ ထို့အပြင် ကော်ဖီသောက်သုံးခြင်းအားဖြင့် နှလုံးအားကောင်းခြင်း၊ မကောင်းသည့် ကိုလက်စထရောကို လျော့ချပေးခြင်း၊ ကင်ဆာဖြစ်နိုင်မှုကို ကာကွယ်ပေးခြင်း၊ ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် များကို ကာလတိုမြန်ဆန်ခြင်းများ ဖြစ်ပွားနိုင်သည်ဟု ဆိုပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ယမကာ မှီ၀ဲသူများ Black Lime Coffee လည်းသောက်ပေးသင့်

  1. Loki Mya says:

    ကိုတော့အမြဲသောက်ဖြစ်တယ်

Leave a Reply

Your email address will not be published. Required fields are marked *