News

တစ်ပတ်အတွင်းမိုဘိုင်းသတင်းများ

Galaxy Note 3 အတွက် Android 4.4 KitKat စတင် ဖြန့်ချိ

1

Samsung Galaxy Note 3 အသုံးပြုသူများသည် မကြာမီအချိန်အတွင်း Android 4.4.2 KitKat ကို အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရပါတယ်။ Note 3 အတွက် Android နောက်ဆုံး ဗားရှင်းကို ပိုလန်နိုင်ငံတွင် မိတ်ဆက်ပြသခဲ့ကြောင်း Sammobile ၀က်ဆိုက် ၏ ဖော်ပြချက်အရ သိရပါတယ်။

အသုံးပြုသူများ အနေဖြင့် Samsung ၏ Kies ဆော့ဖ်ဝဲလ်မှတစ်ဆင့် Download ပြုလုပ်ကာ အင်စတော ပြုလုပ်နိုင်သလို အွန်လိုင်းမှ တစ်ဆင့်လည်း install ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Update ပြုလုပ်နိုင်မယ့်နေ့ရက်နဲ့ ဒေသအတိအကျကို ပြောကြားခြင်း မရှိခဲ့သော်လည်း Note 3 အသုံးပြုသူများ အနေဖြင့် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း အဆိုပါ update ကိုရရှိတော့မှာ ဖြစ်ပါတယ်။

သို့ရာတွင် အမေရိကန်ရှိ အသုံးပြုသူများဟာ ယခု Update ကိုရရှိနိုင်ဖွယ်မရှိကြောင်းသိရပါတယ်။ Update အသစ်အတွက် Firmware ဗားရှင်းမှာ N9005XXUENA6 ဖြစ်ပြီး Note 3 ၏ နိုင်ငံတကာဗားရှင်းကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။

Sony က Xperia T2 Ultra ဖုန်းနှစ်မျိုးကို ထုတ်ဖော်ပြသ

2

Sony က Xperia T2 Ultra , Xperia T2 Ultra Dual ဖုန်းနှစ်မျိုးကို ထုတ်ဖော်ပြသိလုက်ပြီး ဖုန်းနှစ်မျိုးစလုံးဟာ 720p Resolution ရှိတဲ့ ခြောက်လက်မ Display တပ်ဆင်ထားပါတယ်။ Huawei Ascend Mate, Samsung Galaxy Mega 6.3 တို့နဲ့ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ရည်ရွယ်ပြုလုပ်ထားကြောင်း Sony က ပြောပါတယ်။ စျေးနှုန်းကိုပြောကြားခြင်းမရှိဘဲ ယူရို ၄၀၀ ၀န်းကျင်ခန့်ဖြင့် ရောင်းချနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

Xperia T2 Ultra ဟာ Xperia Z အမျိုးအစားများနဲ့ ဒီဇိုင်း ဆင်တူပေမယ့် ရေစိုခံနိုင်ခြင်း မရှိပါဘူး။ အရွယ်အစားကြီးပေမယ့် အလေးချိန် ၁၇၃ ဂရမ်သာ ရှိပြီး အထူ က ၇.၆ မီလီမီတာ ပဲရှိတဲ့အတွက် ကိုင်တွယ်အသုံးပြုဖို့ အဆင်ပြေစေပါတယ်။

1.4GHz Quad-Core Snapdragon Chipset တပ်ဆင်ထားပါတယ်။ 1GB RAM , 8GB Internal Storage ပါရှိပြီး MicroSD Card အသုံးပြုနိုင်ပါတယ်။ 3000mAh Battery က တစ်နေ့လုံးအသုံးခံနိုင်ပြီး Sony ရဲ့ Stamina စွမ်းရည်က ဘက်ထရီကိုကြာရှည် အသုံးခံစေပါတယ်။ အနောက်ဘက် မှာ 13 Megapixel Camera တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်မှာ 1.1 Megapixel Camera တပ်ဆင်ထားပါတယ်။

4G LTE နဲ့ NFC ကိုအသုံးပြုနိုင်ပါတယ်။ SIM နှစ်ခု အသုံးပြုချင်ရင် Xperia T2 Ultra Dual ကို ရွေးချယ်နိုင်ပါတယ်။ စျေးနှုန်း နဲ့ ရောင်းချမယ့် ရက်ကို မသိရသေးပါ။

Nokia Lumia 1820 နဲ့ Lumia 1525 တို့လာမည်

3

Nokia ရဲ့ Lumia 1820 နဲ့ Lumia 1525 ဖုန်းနှစ်လုံးရဲ့ သတင်းအချက်အလက်တွေထွက်ပေါ်လာပါတယ်။ Nokia က တရား၀င် ကြေညာခြင်းမရှိသေးဘဲ Twitter မှထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ Lumia 1820 မှာ ၅.၂ လက်မအရွယ် 2K Display ကို အသုံးပြုထားပါတယ်။ Snapdragon 805, 3GB RAM, 32GB Internal Storage ,3400mAh Battery တပ်ဆင်ထားပါတယ်။ ကင်မရာမှာ နိုကီယာ ရဲ့ Post-Shot Focusing နည်းပညာပါရှိပါတယ်။ ဒီဇိုင်းက Lumia 928 နဲ့ ဆင်တူပါတယ်။ Lumia 928 ဟာ စွမ်းဆောင်ရည်မြင့် Lumia 1020 ထက်ပါးလွှာကြောင်းသိရပါတယ်။

ဒါ့အပြင် Lumia 1525 Phablet ဖုန်းသတင်းလည်းထွက်ပေါ်လာပါတယ်။ Nokia ရဲ့ ပထမဆုံး Phablet ဖြစ်တဲ့ Lumia 1520 ရဲ့မျိုးဆက်ဖြစ်ပုံပေါ်ပါတယ်။ 2K Resolution Display နဲ့ အခြား Specification များက 1820 နဲ့ အတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် 1525 ရဲ့ အရွယ်က ခြောက်လက်မ ဖြစ်ပြီး အနောက်ဘက် ကင်မရာ ဟာ 25 or 30 MP အရည်အသွေးရှိပါတယ်။ ထူးခြားတာက Display ဟာ နေရောင်ခြည်စွမ်းအင်ကနေ အားဖြည့်ပေးနိုင်တယ်လို့ဆိုပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းတွေ အမှန်တကယ် ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Samsung Galaxy S5 မှာ မျက်လုံးကို စစ်ဆေးနိုင်တဲ့ Sensor ပါရှိမည်

4

ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် Mobile World Congress မှာ Samsung က Galaxy S5 ကို ထုတ်ဖော်ပြသမယ်လို့ သိရပါတယ်။ S5 မှာ 2K QHD Display တပ်ဆင်ထားမှာဖြစ်သလို LG , Sony တို့ကလည်း 2K Display တပ်ဆင်ထားတဲ့ဖုန်းတွေကို မိတ်ဆက်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

S5 မှာတပ်ဆင်ထားတဲ့ ကင်မရာ ဟာ 20Megapixel ဖြစ်ပြီး Sony Xperia Z1 နဲ့ တူညီမှာဖြစ်ပါတယ်။ Optical Image Stabilisation နည်းပညာ ပါရှိပါတယ်။ 4K Video , Photo တွေကို ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ 4000mAh Battery တပ်ဆင်ထားမှာဖြစ်လို့ အလွန်ကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Phone Arena ရဲ့ သတင်းအရင်းအမြစ်တွေကတော့ 2900mAh Battery ကိုတပ်ဆင်ထားမယ်လို့ပြောပါတယ်။

ထူးခြားတာက S5 မှာ မျက်စိကို အာရုံခံ မှတ်သားသိရှိနိုင်တဲ့ Eye Scanner ပါရှိမှာဖြစ်ပြီး ဖုန်းကို Lock/Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအထောက်အကူပြု Accessories များပါရှိမယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် Mobile World Congress မှာ Samsung Galaxy S5 ကိုစောင့်မျှော်ကြည့်ရှုရအောင်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *