Apps

စိတ်ကူးအိမ်မက်ပုံဖော်ချင်သူများအတွက်

Dream Light ဒါမှမဟုတ် DreamLight Editor က နာမည်နဲ့လိုက်အောင် သင့်ရဲ့ဓာတ်ပုံများကို စိတ်ကူးအိပ်မက်ကို ပုံဖော်ပေးနိုင်ပါတယ်။ အထူးပြုလုပ်ချက် မရှိတဲ့ သာမန်ဓာတ်ပုံများကို ကြည့်ရတာ ရိုးအီလာပြီဆိုသူများအတွက် အပြောင်းအလဲ လုပ်စရာတွေများစွာ ပါရှိပါတယ်။ ပုံကို ဝိုင်းလိုက်မယ်။ ဘေးပတ်လည်ကနေ အထူးပြုလုပ်ချက်(effects) တွေထည့်မယ်။ အရောင်တွေ ရှိုင်းလိုက်မယ်ဆိုရင် အမြင်မှာ တစ်မျိုးဆန်းပြီး ကြည့်ရသူအတွက် ရင်မောဖွယ် ဖြစ်မှာအမှန်ပါပဲ။

ဒီလိုစိတ်ကူးအိပ်မက်ကို Picget Software (http://www.picget.net) က ထုတ်လုပ်တဲ့ Dream Light Photo Editor က အကောင်အထည်ဖော်ပေးနိုင်ပါတယ်။ Dream Light က ဓာတ်ပုံတစ်ပုံကို အိပ်မက်ဆန်ဆန် (Dream Effects) တွေ အများကြီး ထည့်ပေးပြီး ပြောင်းလိုက်မှာပါ။ Dream Light က ထင်တာထက် ပိုပြီး သုံးရလွယ်ကူတာကို တွေ့ရပါတယ်။ မောက်စ်ကလစ်လုပ်ရုံနဲ့ effects တွေ အများကြီး ပြောင်းနိုင်ပါတယ်။ ပုံကို Preset, Light filter, Star filter, Amazing filter, Dream filter, Weather filter, Gradient filter, Color filter, Art filter, Texture filter, Edge filter စတဲ့ filters တွေ ခံပြီး စွဲမက်ဖွယ်ဖြစ်အောင် လုပ်ပေးပါလိမ့်မယ်။ ယခု Dream Light Photo Editor ကို shareware အနေနဲ့ အခမဲ့ သုံးခွင့်ပြုမှာ ဖြစ်ပြီး သဘောကျလို့ ဝယ်မယ်ဆိုရင် ဒေါ်လာနဲ့ ဝယ်သုံးရမှာ ဖြစ်ပါတယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *