Education

စင်ကာပူနိုင်ငံရဲ့ အာရှ၏ Business နှင့် Tourist Attraction Zone အဖြစ်ကျော်ကြားမှုများနှင့် အထင်ကရ တက္ကသိုလ်ကြီးများအကြောင်း သိရှိနိုင်စေမည့် (2014) “ STUDY ABROAD SINGAPORE Education Fair”

စင်ကာပူ ပညာရေးကို စိတ်ပါဝင်စားသူ ကျောင်းသူ၊ ကျောင်းသားတို့ အတွက် စင်ကာပူပညာရေး လမ်းကြောင်းများကို အသေးစိတ် ရွေးချယ်နိုင်မည့်အပြင် စင်ကာပူနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်မှုအရှိဆုံး ထင်ရှားသည့် နေရာများကို သိရှိနိုင်ပြီး ကျောင်းသူ၊ ကျောင်းသားများအတွက် ထူးခြားထိုက်တန်စွာ ရရှိနိုင်မည့် အခွင့်အလမ်းများအတွက်ပါ ထည့်သွင်းစီစဉ်ထားသည့် (2014) ခုနှစ်အတွက် ပထမဆုံး STUDY ABROAD SINGAPORE Education Fair ကို မန္တလေး နှင့် ရန်ကုန်မြို့ကြီးများတွင် ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

အဆိုပါ Education Fair ကို မန္တလေးမြို့၌ Feb (9) ရက်နေ့ (တနင်္ဂနွေနေ့) တွင် Hotel Mandalay နှင့် ရန်ကုန်မြို့၌ Feb (12) ရက်နေ့ (ပြည်ထောင်စုနေ့) တွင် Regent Office အမှတ် (B) (13+23) ၊ ရွှေကိန္နရီအဆင့်မြင့်အိမ်ရာ၊ နာနတ်တောလမ်း၊ ကမာရွတ်မြို့နယ် တို့တွင် ညနေ (၃) နာရီမှ (၆) နာရီ အထိ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။

စင်ကာပူနိုင်ငံ၏ ပညာရေးဆိုင်ရာ အခွင့်အလမ်းများအတွက် STUDY ABROAD မှ ဖိတ်ကြားထားသည့် JCUS, KAPLAN, MDIS, PSB Academy , SIM တို့မှ ကျောင်းတာဝန်ခံတို့က ရွေးချယ်တက်ရောက်နိုင်မည့် ဘာသာရပ်များ၊ ကုန်ကျစရိတ်များ၊ ပညာသင်ဆုများနှင့် ကျောင်းပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ပါ ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။

ပွဲတက်ရောက်သူများ အနေနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ အပြင် အာရှ၏ Business နှင့် Tourist Attraction Zone အဖြစ်ကျော်ကြားသည့် စင်ကာပူနိုင်ငံ၏ ထင်ရှားသည့် နေရာများကို ဗဟုသုတ အဖြစ်သိနိုင်စေရန် အတွက် Singapore Attraction Places Presentation ကိုပါ တက်ရောက်ခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။ Attraction Places များထဲမှ (၁) နှစ်ထပ်ကား အမိုးပွင့်ပေါ်မှ စင်ကာပူမြို့တွင်းTourist များလှည့်ပတ် ကြည့်ရှုရင်း လေညှင်းခံနိုင်ရန် စီစဉ်ထားသည့် City Sightseeing (၂) လှေစီးရင်း စင်ကာပူနိုင်ငံရှိ အထင်ကရ နေရာများသို့ လှည့်လည်ကြည့်ရှု ဓါတ်ပုံရိုက်နိုင်စေမည့် River Explorer (၃) Travellers’ Choice 2013 ရရှိထားပြီး စင်ကာပူနိုင်ငံ မြင်ကွင်းများကို အပေါ်စီးမှ ရင်သပ်ရှုမောဖွယ် ခံစားကြည့်ရှုနိုင်မည့် Singapore Flyer (၄) စင်ကာပူမြေပြင်ရှုခင်းနှင့် ရေပြင် သဘာဝအလှကို တပြိုင်နက်ခံစားနိုင်မည့် ကုန်းမြေ၊ ရေပြင် နှစ်ခုလုံး မောင်းနှင်နိုင်သည့် The Original Singapore DUCKtours (၅) စိတ်အေးချမ်း ရင်ခုန်ဖွယ်ရာ မြင်ကွင်းများ ကိုတွေ့နိုင်မည့် ကမ္တာ့အကြီးမားဆုံး ငါးပြတိုက် တစ်ခုဖြစ်သည့် Santosa အတွင်းရှိ S.E.A Aquarium တို့ကိုလေ့လာနိုင်မည် ဖြစ်ပါသည်။

အထူးအစီအစဉ် အနေနှင့် အဆိုပါ နေရာများသို့ ပထမဆုံး ကျောင်းလျှောက်သူ (၅) ဦးမှ ရွေးချယ်လည်ပတ်ခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။ ကျောင်းလျှောက်သူ ကျောင်းသူ၊ ကျောင်းသားအားလုံးလည်း SGD 250 တန်ဖိုးရှိ STUDY ABROAD Welcome Pack ကိုပေးအပ်သွားမည် ဖြစ်ပါသည်။

ပညာရေးသာမက စင်ကာပူနိုင်ငံသို့ ကျောင်းသွားတက်ရာတွင် ကျောင်းသူ၊ ကျောင်းသား တစ်ဦးအတွက် အထွေထွေ လိုအပ်ချက်များနှင့် ကုန်ကျစရိတ်များကိုပါသိမြင် တွက်ချက်နိုင်စေရန် ရည်ရွယ်ပြီး STUDY ABROAD မှ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကိုလည်း ဖိတ်ကြားထားပါသည်။ ကျောင်းသူ၊ ကျောင်းသား တို့ Student Visa အတွက် ဆေးစစ်ရန် Right Lab , မြန်မာနိုင်ငံမှ ထွက်ခွာရန် လေယာဉ်လက်မှတ် သိကောင်းစရာများ အတွက် Sun Far , ကျောင်းသူ၊ ကျောင်းသားတို့ စင်ကာပူနိုင်ငံတွင် ငွေကြေး အသုံးစရိတ်အတွက် ကြိုတင်စီစဉ်နိုင်စေမည့် MAB Bank တို့နှင့်လည်း ဆွေးနွေးနိုင်မည် ဖြစ်ပါသည်။ နေထိုင်ရေး Accommodation Information တို့အပြင် စင်ကာပူနိုင်ငံသို့ ရောက်သည်နှင့် လာရောက်ကြိုဆိုပေးမည့် Meet & Greet Service တို့ကိုလည်း မေးမြန်းနိုင်မည် ဖြစ်ပါသည်။

ထူးခြားဆန်းပြားသည့် STUDY ABROAD SINGAPORE Education Fair ကို တက်ရောက်လိုသူ ကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့် STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက် (အေ)၊ (၁၁ လွှာ)၊ အခန်းအမှတ် (၁၁၀၃)၊ ပြည်လမ်း ၊ကမာရွတ်မြို့နယ်။ ဖုန်း – ဝ၉ ၅၁၅၁ ဝ၀၈ နှင့် ဝ၉ ၇၃ ၂၄၂၄ ဝ၄ သို့ ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းနိုင်မည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *