News

ပရိဘောဂ ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်မှုဆိုင်ရာ အတတ်ပညာသင်တန်း (Canbinet Maker) အား အခမဲ့သင်ကြားပေးခြင်းအတွက် သင်တန်းသား လျှောက်လွှာများ ခေါ်ယူခြင်း

ပရိဘောဂသင်တန်း Canbinet Maker Profession ကို ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပါသည်။ ပြည်တွင်း အတွေ့အကြုံ ပြည့်ဝသော ဆရာ/မများနှင့် ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ ခေတ်ပေါ် ပရိဘောဂ ပညာရပ်များနှင့် အဆင့်မြင့် ပရိဘောဂများအား ဒီဇိုင်းရေးဆွဲခြင်း၊ တန်ဖိုးတွက်ချက်ခြင်း၊ နည်းပညာနားလည်စေခြင်းနှင့် ကိုယ်တိုင်ထုတ်လုပ် တတ်စေခြင်းစသည့် ပရိဘောဂပညာနှင့်ပတ်သက်၍ Professional Level အထိ ရောက်စေရန် ရည်ရွယ်ပြီး စာတွေ့/လက်တွေ့ သင်ကြားပေးသောသင်တန်း ဖြစ်ပါသည်။

သင်တန်းပြီးဆုံးပါက ဆွစ်ဇာလန်နိုင်ငံ ပရိဘောဂသင်တန်းကျောင်းများအဖွဲ့၏ အသိအမှတ်ပြု အောင်လက်မှတ်ရရှိမည်ဖြစ်ပြီး၊ အာဆီယံဒီပလိုမာအဆင့် လက်မှတ်ရ သင်တန်းဆင်းတစ်ဦးဖြစ်အောင် သင်ကြားပေးလျက်ရှိပါသည်။

CVT ရှိ ပရိဘောဂ သင်တန်းဆင်းကျောင်းသားများသည်လည်း ပြည်တွင်း စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းပိုင်းဆိုင်ရာ ကြီးကြပ်၊ မန်နေဂျာရာထူးများ၊ နည်းပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများအဖြစ် ကိုယ်ပိုင် လုပ်ငန်းတစ်ခုထူထောင် လုပ်ကိုင်မှုများဖြင့် အောင်မြင်စွာ အသက်မွေးဝမ်းကျောင်းပြုနေကြပြီ ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွက် သင်တန်းသားအသစ် လျှောက်လွှာများကို စတင်လက်ခံနေပြီး လုပ်ငန်းခွင်သို့ ရောက်ရှိလုပ်ကိုင်နေသူများနှင့် အမှန်တကယ် အလုပ်အကိုင် လိုအပ်နေသော လူငယ်လူရွယ်များအတွက် လစ်လပ်အလုပ်အကိုင်များ ကူညီရှာဖွေပေးနေပြီး အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်မှုနှင့် ဗဟုသုတပိုင်း ဆိုင်ရာ တိုးတက်မှုရှိလာအောင် လေ့ကျင့်သင်ကြားပေးနေပါသည်။

တက်ရောက်မည့် သင်တန်းသားများသည် စာသင်နှစ်များအတွင်း Technical Working Techniques, Technical Drawing, Material Knowledge နှင့် Technical Mathematics စသည့် အဓိက ဘာသာရပ်များအပြင် အခြားလိုအပ်ချက်များဖြစ်သည့် English, General Knowledge နှင့် မြန်မာစာနှင့် ဝန်ထမ်းဘဝကျွမ်းကျင် လက်စွဲ (Myanmarsar and Life Skill) ဘာသာရပ်များကိုပါ သင်ကြားရမည် ဖြစ်ပါသည်။ သင်တန်းကာလမှာ (၃) နှစ်တာ ကြာမြင့်မည် ဖြစ်သည်။ တစ်ပတ်လျှင် တစ်ရက် CVT သင်တန်းသို့ တက်ရောက်ရမည် ဖြစ်ပြီး ကျန်ရက်များတွင် လုပ်ငန်းခွင်သို့ သွားရောက် အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

သင်တန်းတက်ရောက်စဉ်ကာလ လိုအပ်သည့် စာရွက်စာတမ်းကြေးများမှအစ မည်သည့်ငွေကြေး တစ်စုံတစ်ရာမျှ ကောက်ခံခြင်း မရှိပဲ ဆွစ်ဇာလန်နိုင်ငံရှိ အလှူရှင်များ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်နေသော (INGO) သင်တန်းကျောင်းဖြစ်ပြီး အသစ်ထပ်မံ ဖွင့်လှစ်မည့်သင်တန်းနှင့် ပတ်သက်သော သိကောင်းစရာများကို လာမည့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် သင်တန်းကျောင်း တည်ရှိရာ အမှတ် ၄၂၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံး အဆောက်အဦ၏ သုံးလွှာတွင် ရှင်းလင်းဆွေးနွေးမည် ဖြစ်ပြီး လွတ်လပ်စွာ တက်ရောက်မေးမြန်းဆွေးနွေးနိုင်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၉၅-ဝ၁-၃၈၃၆၇၆ နှင့် ဝ၉-၇၃၁၆၆၂၀၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *