၂၀၂၀ခုနှစ်တွင် ရန်ကုန်မြို့၏ လူဦးရေ နှစ်ဆတိုးပြီး ၁၀သန်းအထိ ရှိလာနိုင်မှုနှင့် အတူ ရန်ကုန်တွင် ရေအကျပ်အတည်း တစ်ရပ် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက သတိပေးထားသည်ဟု သိရသည်။
သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေး အသင်း(FREDA)မှ တာဝန်ရှိသူ ဦးအုန်းက မြို့လူဦးရေ တိုးလာသောကြောင့် ရေချိုရှားပါးလာဖွယ်ရှိကြောင်း ပြောကြားသည်။ “ရေချိုးရှားပါးတဲ့ တိုင်းပြည်အချို့ဟာ အဝီစိတွင်းများအပေါ် အားကိုးရတယ်။ လူအများစုဟာ ရန်ကုန်မှာ ရေတွင်းတွေ အဝီစိတွင်းတွေ တူးကြတယ်။ လောလောဆယ် ရန်ကုန်မှာ နေထိုင်သူ ငါးသန်း သို့မဟုတ် ခြောက်သန်းခန့်ရှိတယ်။ ၂၀၂၀ခုနှစ်ဆိုရင် ရန်ကုန်လူဦးရေ ၁၀သန်းထိ ရောက်နိုင်တယ်။ ဒါကြောင့် ရန်ကုန်နေထိုင်သူတွေဟာ ရေရှားပါးမှု အကျပ်အတည်းနှင့် ကြုံတွေ့နိုင်တယ်”ဟု ဦးအုန်းကပြောသည်။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးကော်မတီ(YCDC)၏ အဆိုအရ အဝီစိတွင်းများ အသုံးပြုခြင်းကို ၂၀၂၅ခုနှစ်တွင် ဖျက်သိမ်းမည် ဖြစ်ကြောင်း သိရသည်။ ဆိုလိုသည့် အဓိပ္ပါယ်မှာ မြို့လူထုသည် ရေကန်များ၊ ဆည်များ၊ သန့်စင်ပြီးမြစ်ရေများအပေါ် ပိုမို အားကိုးအားထား ပြုရမည် ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့ရှိ မြို့နယ် အများစုသည် အဝီစိတွင်းများမှ ရေအပေါ် အားထားနေရခြင်း ဖြစ်သည်။
လဂွမ်းပြင်ဆည် စီမံကိန်းကို ဒဂုံမြို့သစ် (အရှေ့)မြို့နယ်တွင် ရေပံ့ပိုးရေးအတွက် စတင်မည် ဖြစ်ပြီး စီမံကိန်းပြီးပါက လောလောဆယ် အဝီစိတွင်းများအပေါ် အားကိုးနေရသည့် ဒဂုံတောင်၊ မြောက် မြို့နယ်များသို့ ရေပေးဝေမည် ဖြစ်သည်ဟု သိရသည်။ အလားတူ ပျမ်းမျှ တစ်နေ့လျှင် ရေလီတာ ၉၀၉သန်း လိုအပ်သော ရန်ကုန်အနောက်ပိုင်းမြို့နယ်များသို့ ရေပေးဝေရန် တောင်ကိုရီးယား ကုမ္ပဏီတစ်ခုက လှိုင်သာယာ အနီး ကုက္ကိုဝ မြစ်မှ ရေကို ပန့်များဖြင့် စုပ်တင်ယူရန် ဖြစ်နိုင်ခြေ အလားအလာကို စူးစမ်းလေ့လာလျက် ရှိသည်ဟု ဆိုသည်။ လောလောဆယ် ရန်ကုန်မြို့တွင် နေ့စဉ် ရေလီတာ ၆၀၆သန်း သုံးစွဲနေသည်။ သို့သော် YCDCသည် မြို့နေလူဦးရေ ၆သန်း၏ ၆၅ရာခိုင်နှုန်းကိုသာ လိုအပ်သည့်ရေ ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။
ကုလားများလာခြင်းကြောင့်ပါ
မင်း တို့ ပ ထွေး တွေ က ရ ခိုင် ကို ပြ ဿ နာ ရှာ ၊ရ န် ကုန် မှာ အ မျိုး ရှိ တဲ့ ရခိုင် က ရန် ကုန် တက် လာ ၊ကု လား တင် မ ဟုတ် အ ကြမ်း ဖက် ကို ကြောက် တဲ့ ရခိုင် ဗ မာ တောင် ပြောင်း လာကြ ပြီ ငါ တို့ နောက် ဖေး လမ်း က ၂ လွှာ ၃ လွှာ တွေ မှာ ဝယ် နေ နေ ကြ ပြီ