How-to

အကောင်းဆုံး YouTube URL Tricks ခြောက်ခု

YouTubeက Online Video Servicesတွေ ထဲမှာ အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။ YouTubeနဲ့ ပတ်သက်ပြီးတော့လည်း Tricksတွေ အများကြီး ရှိပါတယ်။ ဒီဆောင်းပါးမှာ URL Barကနေ YouTubeကို သင့်အလိုကျ အသုံးပြုနိုင်မယ့် Tricksတွေကို ဖော်ပြလိုက်ပါတယ်။

YouTube Videoတွေကို Repeatလုပ်ပြီး ကြည့်ပါ။


YouTubeက Music  Videoတစ်ပုဒ်ကို အရမ်းကြိုက်ပြီး Repeatလုပ်ပြီး နားထောင်ချင်ရင် ဒီ Trickကို သုံးပါ။ သီချင်းရဲ့ URL Addressက “Youtube”ရှေ့မှာ “Repeater”လို့ ရိုက်ထည့်ပေးပြီး Enterနှိပ်ပါ။ ဒါဆိုရင် နောက်၀က်ဆိုက်တစ်ခုကို ရောက်သွားပြီး Videoကို ပြပေးမှာ ဖြစ်ပြီး အလိုလို Repeat လုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် Videoရဲ့ အစိတ်အပိုင်းတစ်ခုကို ပဲ ရွေးချယ် သတ်မှတ်ပြီး Repeatလုပ်ခိုင်းလို့ ရပါတယ်။

ဥပမာ။  Youtube Video URLက ဒီလို ဆိုရင်
youtube.com/watch?v=kfVsfOSbJY0
အောက်မှာလို ပြောင်းပါ။
youtuberepeater.com/watch?v=kfVsfOSbJY0
Videoကို Downloadလုပ်ပါ။


Videoတစ်ခုကို  Downloadလုပ်ချင်ရင် URLက “Youtube”ရဲ့ ရှေ့ မှာ “pwn”ကို ဖြည့်ပေးပြီး Enter နှိပ်ပါ။ ဒါဆိုရင် နောက်၀က်ဆိုက်တစ်ခုကို ရောက်သွားပြီး နှစ်သက်ရာ Video Format နဲ့ Downloadလုပ် နိုင်ပါတယ်။

မူလ URL
youtube.com/watch?v=Sagg08DrO5U
ကို ဒီလို ပြောင်းပါ။
pwnyoutube.com/watch?v=Sagg08DrO5U

ကြည့်လို့မရတဲ့ Video တွေကို ကြည့်ပါ။

YouTubeမှာ နိုင်ငံကန့်သတ်ချက်နဲ့ ပိတ်ထားတဲ့ Videoတွေ ရှိပါတယ်။အဲဒီ Videoကို ကြည့်ချင်ရင် မူလ URL

watch?v=IEIWdEDFlQY
ကို ဒီလို ပြောင်းပေးပါ။

/v/IEIWdEDFlQY

အချိန် တစ်ခုသတ်မှတ်ပြီး ကျော်ကြည့်ပါ။

Videoတစ်ခုရဲ့ အစပိုင်းကို မကြည့်ချင်ရင် အချိန်သတ်မှတ်ပြီး ကျော်ကြည့်လို့ ရပါတယ်။ Video Playerပေါ်မှာ Right Clickနှိပ်ပြီး “Copy Video URL at Current Time”ကိုနှိပ်ပါ။ နောက် Tabတစ်ခုမှာ ကော်ပီကူးထားတဲ့ URLကို Paste လုပ်ပါ။ URLနောက်ဆုံးမှာ အချိန်ပါလာတာကို တွေ့မြင်ရမှာပါ။ အဲဒီအချိန်ဟာ စက္ကန့်အနေနဲ့ ပြထားတာ ဖြစ်ပြီး သင်ကြည့်ချင်တဲ့ အချိန်ကို ပြောင်းလဲပြီး ကြည့်နိုင်ပါတယ်။

မူလ URLကို

youtube.com/watch?v=9R6Ibz31DtE
ကဒီလို ဖြစ်သွားပါမယ်။စက္ကန့်ကို ပြင်ပြီး သတ်မှတ်နိုင်ပါတယ်။
youtube.com/watch?v=9R6Ibz31DtE#t=114
မီနစ်၊စက္ကန့်နဲ ့သတ်မှတ်ချင်ရင် ဒီလို ပြောင်းနိုင်ပါတယ်။
youtube.com/watch?v=9R6Ibz31DtE#t=1m30s

Related Videos တွေကို Disable လုပ်ပါ။


YouTubeမှာ Videoတစ်ခုကို ကြည့်ပြီးတိုင်း Related Videosတွေကို Video Playerမှာ ပြပေးပါတယ်။ အဲဒီ Related Videoတွေကို မတွေ့ချင်ရင် Video Playerအောက်က Embedက Codeတွေရဲ့  URLနောက်ဆုံးမှာ “?rel=0”ကို ဖြည့်ပေးပါ။

မူလ Codeကို
src=”//www.youtube.com/embed/T0-2lzA7_Cg”
ဒီလိုပြောင်းပေးပါ။
src=”//www.youtube.com/embed/T0-2lzA7_Cg?rel=0″
ဒီနည်းကတော့ URLလင့် အနေနဲ့ Address Barမှာ ကြည့်လို့ ရမှာ မဟုတ်ပါဘူး။ Website, Blogမှာ Videoကို Embed လုပ်တဲ့ အခါမှာ သုံးရမှာပါ။

Videoရဲ့  30%ကို ကျော်ကြည့်ပါ။


Videoရဲ့ အစပိုင်းကို ကြည့်ရတာ စိတ်၀င်စားစရာ မကောင်းရင်တော့ 30%လောက်ကို ကျော်ကြည့်လို့ ရပါတယ်။ URLရဲ့ နောက်ဆုံးမှာ “&wadsworth=1”ကို ဖြည့်ပေးပြီး Enter နှိပ်ပါ။

မူလ URL
youtube.com/watch?v=c0KYU2j0TM4
ကဒီလို ဖြစ်သွားပါမယ်။
youtube.com/watch?v=c0KYU2j0TM4&wadsworth=1
စာဖတ်သူ မှတ်ထားရမှာက ဒီ Tricksတွေက Official Google Featuresတွေ မဟုတ်ပါဘူး။ အဲဒီအတွက် အခု အသုံးပြုလို့ ရနေပေမယ့် နောင်တစ်ချိန်မှာတော့ သုံးလို့ ရချင်မှရမှာပါ။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *