News

ရန်ကုန် မန္တလေး လူရွှင်တော်များ ပထမအကြိမ် ချစ်ကြည်ရေး ဘောပွဲကစားမည်

ရန်ကုန်မြို့မှ လူရွင်တော်များနှင့် မန္တလေးမြို့မှ လူရွှင်တော်များ၏ ပထမအကြိမ် ချစ်ကြည်ရေး ဘောလုံးပွဲကို အောက်တိုဘာ ၂၂ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

“အထက်မြန်မာပြည် မန္တလေး လူရွှင်တော်များ အသင်းကို အောက်တိုဘာ ၅ရက်မှာ ဖွဲ့တယ်။ ရန်ကုန်မှာက အရင်ကတည်းက ဖွဲ့ပြီးသား ရှိတယ်။ ရန်ကုန်- မန္တလေး လူရွှင်တော်များ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖြစ်ဖို့ ရန်ကုန် လူငယ်များ အဖွဲ့က ကမ်းလှမ်းတာ ကြာပြီ။ အခုမှပဲ အကောင်အထည် ဖေါ်နိုင်တော့မှာ”ဟု ဝါရင့် လူရွှင်တော်ကြီး ဦးထင်ပေါ်က ပြောသည်။

ရန်ကုန်မြို့တွင် သဘင်၊ ရုပ်ရှင် ၊ ဆိုင်း စသော အဖွဲ့များမှ လူရွှင်တော်များရှိပြီး မန္တလေးမြို့တွင် ဇတ်၊ အငြိမ့်၊ ဆိုင်းအဖွဲ့များမှ လူရွှင်တော်များဖြင့် ဖွဲ့စည်းထားသည်။ ပထမအကြိမ် လူရွှင်တော်များ ချစ်ကြည်ရေး ဘောလုံးပွဲအတွက် မန္တလေးမြို့မှ လူရွှင်တော်များ မန္တလေး- ရန်ကုန် အသွားအပြန် ခရီးစရိတ်၊ ရန်ကုန်တွင် တည်းခို စားသောက်စရိတ်များ အတွက် ရန်ကုန် လူရွှင်တော်များ အသင်းမှ တာဝန်ယူမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *