News

တရုတ်နိုင်ငံမှာတော့ Yahooကို ပိတ်ပင်လိုက်ပြီ

ကျွန်တော်တို့နဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ Yahooရဲ့ အီးမေးလ် (Yahoo Mail)ကို အသုံးပြုခွင့် မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ ဧပရယ်လတည်းက Yahoo Mailကို ပိတ်ပင်တော့မယ်လို့ တရုတ်နိုင်ငံမှာ သတိပေးကြေညာခဲ့ပြီး လေးလကြာ အခုအခါမှာတော့ သုံးလို့မရတော့ပါဘူး။ ယမန်နေ့က တရုတ်နိုင်ငံ Yahoo Mail အသုံးပြုသူတွေဟာ Yahooကို နောက်ဆုံးအသုံးပြုပြီး၊ အခြား Mail Serviceတွေကို ပြောင်းလဲ အသုံးပြုခဲ့ရတဲ့ နေ့ရက်ပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ Yahooဟာ ပြည်တွင်း E-Commerce Titanတစ်ခုဖြစ်တဲ့ Alibabaက Runပေးနေတာ ဖြစ်ပါတယ်။ အဆိုပါ Alibabaကုမ္ပဏီဟာ Yahoo Mailအသုံးပြုသူ တရုတ်ပြည်သူအားလုံးကို ၎င်းတို့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Email Serviceဖြစ်တဲ့ Aliyunကို Yahooအစား အသုံးပြုစေရန် ရည်ရွယ်ချက်နဲ့ ဒီလို လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါကို မသုံးချင်ရင်တော့ တရုတ်ပြည်သူတွေဟာ Appleရဲ့ iOSမှာ အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့ Tencentရဲ့ QQ Mail၊ ဒါမှမဟုတ် Neteaseရဲ့ 163 Mailစတဲ့ လူကြိုက်များတဲ့ အီးမေးလ်၀န်ဆောင်မှု တွေကို သုံးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *