Audio & Video, News, Review

Xiaomi MI TV 5 Smart TV တွေ ICT.com.mm မှာ ဝယ်လို့ရပါပြီ..

Feature စုံလင်ပြီး ရုပ်ထွက်လှပတဲ့ Xiaomi MI TV 5 Smart TV တွေ ICT.com.mm မှာ ဝယ်လို့ရပါပြီ…

၅၅ လက်မ ရှိပြီး၊ Display နည်းပညာပိုင်းမှာ LED ထက် အရောင်ပိုမိုစိုပြည်လှပတဲ့ Quantum Dot 4K QLED နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။ Resolution အားဖြင့် Ultra HD (3840 x 2160) resolution ရရှိမှာဖြစ်ပြီး 4K ဗီဒီယိုတွေကို လုံးဝကြည်လင်တောက်ပစွာ အထစ်အငေါ့မရှိ ကြည့်ရှုနိုင်မှာပါ။

၁၇၈ ဒီဂရီအထိ မြင်ကွင်းကျယ်ကြည့်ရှုနိုင်တဲ့အတွက် တစ်မိသားစုလုံး တီဗွီရဲ့ဘယ်ဘက်ကနေပဲကြည့်ကြည့် ကြည်လင်တဲ့ ရုပ်ထွက်အတိုင်း မြင်တွေ့ရမှာပါနော်။ စမတ်တီဗွီအမျိုးအစားဖြစ်ပြီး Quad-Core Processor, RAM 3GB နဲ့ Internal Storage 32GB တို့ပါဝင်ပါတယ်။ Wall Mount အသုံးပြုလို့ရတဲ့အတွက် မိမိအိမ်နံရံမှာ ချိတ်ပြီး ကြည့်ရှုနိုင်မှာပါ။ အသံထွက်ပိုင်းကောင်းမွန်စေဖို့အတွက် 8 Watt စတီရီယိုစပီကာနှစ်လုံးကို ထည့်သွင်းပေးထားပါတယ်။ ဂိမ်းစက်၊ စလောင်းစက်၊ ကွန်ပြူတာတွေနဲ့ ချိတ်ဆက်ဖို့အတွက် HDMI ပေါက် သုံးခု ပါဝင်ပြီး HDMI တစ်ပေါက်က ARC ကို ထောက်ပံ့ပေးထားတဲ့အတွက် Sound Bar တွေနဲ့ ချိတ်ဆက်ဖို့ အဆင်ပြေစေမှာပါ။

Wifi ချိတ်ဆက်မှုအတွက် 2.4 GHz နည်းပညာကို အသုံးပြုထားပြီး Ethernet (LAN) ကေဘယ်အင်တာနက်ဖြင့်လည်း ချိတ်ဆက်နိုင်ပါတယ်။ Bluetooth နည်းပညာလည်း ပါဝင်ပြီး အင်တင်နာ၊ ကေဘယ် Input ပေါက်လည်း ပါဝင်ပါတယ်။ Headphone Jack ပေါက်တော့ မပါဝင်ပါဘူး။ ပုံမှန်တီဗွီလိုင်းတွေအပြင် Youtube, Netflix, Amazon Prime တို့လို တီဗွီစီးရီး Apps တွေနဲ့ပါ အဆင်ပြေပြေ ကြည့်ရှုနိုင်မဲ့ အရည်အသွေးမြင့် 4K စမတ်တီဗွီတစ်လုံး ဖြစ်ပါတယ်။

ခုပဲ အိုင်စီတီမှာ Xiaomi Mi TV 5 55-inch Ultra HD 4K Smart TV ကို K598,000 နဲ့ ဒီအောက်လင့်ခ်လေးကိုနှိပ်ပြီး ဝယ်လိုက်တော့နော်…

Leave a Reply

Your email address will not be published. Required fields are marked *