ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Panasonicမှ ထုတ်လုပ်လိုက်တဲ့ လက်မ၂၀အရွယ် ToughPadဟာ ကမ္ဘာ့ပထမဆုံး 4K(Ultra HD) အရည်အသွေးရှိ Tabletဖြစ်တယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပတဲ့ IFAပွဲမှာ မိတ်ဆက်ပွဲထုတ် ခဲ့တာဖြစ်ပြီး အဆိုပါTabletဟာ ပုံမှန်အသုံးပြုမှုတွေထက် ပြတိုက်လိုနေရာမျိုး တွေမှာအသုံးချဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ Tabletရဲ့ ပုံကိုဖော်ပြပေးထား ပါတယ်။ ရုပ်ထွက်Resolutionကတော့ Crystal-Clear 3840×2560 Pixelရှိပြီး မတော်တဆမှုတွေကို ကာကွယ်ဖို့ ကြမ်းတမ်းတဲ့ ကာဘွန်အမျှင်တွေနဲ့ လုပ်ထားတဲ့ Case ဖန်တီးထားတာပါ။
Toughpadဆိုတဲ့ Panasonicရဲ့ Tabletဟာ Museum-Ready Modeထည့်သွင်း ထားပြီး အသုံးပြုသူအနေနဲ့ ပုံရိပ်တစ်ခုကို ရုပ်ထွက်ကောင်းကောင်းနဲ့ Zoomဆွဲပြီး ကြည့်ရှုနိုင်မှာ ဖြစ်တဲ့အပြင် ထောင့်ပေါင်းစုံကနေလည်း Rotateလုပ်နိုင်မှာ ဖြစ်ပါတယ်။ Tabletမှာ အသုံးပြုထားတဲ့ OSကတော့ Windows 8.1ဖြစ်ပြီး Panasonicရဲ့ ကြိုးမဲ့လျှပ်စစ်Touch Penလည်း ပါ၀င်ထောက်ပံ့ထား ပါတယ်။ အဆိုပါ Penဟာ သင်ပုံမှန် အသုံးပြုနေကျ Tablet Penတွေထက်လည်း ပိုမိုတိကျမှာ ဖြစ်ပါတယ်။
CPUအနေနဲ့ Intel Core i5 vPro Processorကို အသုံးပြု ထားပြီး Memory 8GBတပ်ဆင် ထားကာ ဂရပ်ဖစ်ပိုင်းကိုတော့ Nvidia GeForce Graphicsသုံးထား ပါတယ်။ အချက်အလက်တွေ သိုလှောင်ဖို့လည်း 256GB Storageပါရှိမှာ ဖြစ်ပါတယ်။ ဒီလို 4K(Ultra HD)ရုပ်ထွက် အလွန်ကောင်းမွန်တဲ့ Tough Padဟာ လာမယ့် နို၀င်ဘာထဲမှာ ဥရောပမှာ ၀ယ်ယူနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ယူရို ၄၅၀၀(ဒေါ်လာ ၆၀၀၀နီးပါး) ရှိပါတယ်။