News

ကမ္ဘာ့ဈေးအချိုဆုံး ကွန်ပျူတာ

www.google.com

ဗြိတိန် တီထွင်သူများ၏၂၅ ဒေါ်လာသာရှိသော ကမ္ဘာ့ဈေး အချိုဆုံး ကွန်ပျူတာသည် ၁၈လအတွင်း အလုံးရေ တစ်သန်းခွဲခန့် ရောင်းချခဲ့ရသည်။ အဆိုပါ ကွန်ပျူတာများကို ထုတ်လုပ်သည့် Raspberry Pi Foundation၏ Executive Director ဖြစ်သူ Eben Uptonက “ကျွန်တော်တို့ ဒီကွန်ပျူတာတွေကို အလုံးတစ်ထောင်လောက်ပဲ ရောင်းရမယ် မှန်းထားတာပါ”ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

ကျောင်းသားများ၊ ကလေးသူငယ်များအတွက် အထူး ရည်ရွယ်ထားသော အဆိုပါ တန်ဖိုးနည်း ကွန်ပျူတာများကို လက်တွေ့ ရောင်းချသည့်အခါ လူကြီးများပါ ၀ယ်ယူကြကြောင်း တွေ့ရှိရသည်။ 64GB HDD, Wi-Fi, Bluetoothတို့ ပါ၀င်ပြီး Open Source ဖြစ်သော Linux OSကို သုံးထားသည်။

အဆိုပါ ကွန်ပျူတာများသည် မဖွံ့ဖြိုးသေးသော ဒေသများရှိ ကလေးသူငယ်များ ကွန်ပျူတာ ပညာရပ်များကို သင်ကြားနိုင်စေရန် ရည်ရွယ်ထားသည်။ အခြေခံသာမက အဆင့်မြင့် ကွန်ပျူတာစနစ် Codingများ အထိပါ သင်ယူနိုင်စေရန် ရည်ရွယ်ထားကြောင်းလည်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *