Featured, News, Newsroom, Opinion, Web

Work from home နဲ့ သိမှတ်သလောက် နည်းပညာများ

Work form Home and technologyy

ဒီလိုအချိန်အခါမျိုးမှာ Work from Home ဆိုတဲ့ အသုံးအနှုန်းကို နေရာတိုင်း ကြားသိနေရမှာပါ။ ဒီစကားလုံးက အခုမှ စတာ မဟုတ်ပေမဲ့ တစ်ခါမှ အိမ်ကနေ အလုပ်လုပ်လို့ ရတယ်လို့ မစဥ်းစားဖူးတဲ့သူများအတွက်တော့ အသစ်အဆန်း ဖြစ်နေပါလိမ့်မယ်။ Team ICT.com.mm ကလည်း လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်ကတည်းက workforce ရဲ့ ၆၀% လောက်ကို အိမ်က အလုပ်လုပ်ဖို့ စတင် စီစဥ်ပေးခဲ့ရပါတယ်။ အွန်လိုင်းရှော့ပင် ဖြစ်သည့်အလျောက် delivery team ကိုတော့ work from home လုပ်လို့ မရပါဘူး။ မျက်နှာဖုံး၊ လက်အိတ်၊ လက်ဆေးရည် အစရှိသည်များကိုတော့ အစဥ် ဖြည့်ဆည်းပေးထားပါတယ်။ တာဝန်ရှိသူများ၏ ထုတ်ပြန်ချန်များအပေါ် မူတည်ပြီးလည်း အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင်ရသလို၊ အသိပညာ ဖလှယ်ခြင်း၊ လျတ်တပြတ် ကြိုတင်ကာကွယ်မှုတွေကိုလည်း အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်။ နည်းပညာနှင့် ပတ််သက်နေတဲ့အတွက်ကြောင့် work from home အတွက် လိုအပ်မည့် အထောက်အကူ softwareနှင့် app များကို လေ့လာတွေ့ရှိထားသလောက် မျှဝေသွားပါ့မယ်။ 

Video Conferencing

ဒီ topic ကတော့ အခု ပေါ်ပြူလာ အဖြစ်ဆုံးလို့ သိရပါတယ်။ ရုံးမလာ ရတော့ဘူး ဆိုတာနဲ့ ကိုယ့်နဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မည်သို့ မည်ပုံ  မျက်နှာခြင်းဆိုင် စကားပြော အလုပ်လုပ်မည် ဆိုသည်အတွက် ဖြစ်နိုင်ပါတယ်။ သာမန်အားဖြင့် Video Call ဆိုသည်ဟာ အဆန်းတော့ မဟုတ်ပါဘူး။ စမတ်ဖုန်းသုံးသူ အများစုရဲ့ ဖုန်းထဲမှာ သွင်းပြီးသား app တွေဖြစ်တဲ့ Viber, Facebook Messenger, What’sApp, FaceTime အစရှိသည့် app များဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် computer ဖြင့် အလုပ်လုပ်ရတဲ့ ဝန်ထမ်းများအတွက်တော့ အချို့ features တွေ လိုအပ်နေပါတယ်။ ထို့ကြောင့် အခုအပြောများလာတဲ့ Zoom, Google Meet, Skye အကြောင်းလေး သိသလောက် ရှင်းပြခြင်ပါတယ်။ 

ဒီလို app တွေက ယေဘုယျအားဖြင့် မျက်နှာခြင်းဆိုင်ပြောလို့ ရတဲ့အပြင် screen sharing လို မိမိကွန်ပျူတာ တစ်ခုလုံးကို ဖြစ်စေ၊ Window, App တစ်ခုတည်းကိုပဲဖြစ်စေ စကားပြောနေရင်း အားလုံးကို မျှဝေပြသနိုင်ပါတယ်။ ထို့ကြောင့် အစည်းအဝေးခန်းထဲမှာ လူတွေ စုဝေးပြီး ထိုင်စရာမလိုပဲ PowerPoint, Keynote လိုမျိုး application တွေ အသုံးပြုပြီး ရှိသမျှ လူတွေကို online မှာ အစည်းအဝေးကျင်းပပြီး ပရီဇန်တေးရှင်း လုပ်နိုင်ပါတယ်။ ဝန်ထမ်းဦးရေများတဲ့ ကုမ္ပဏီကြီးများအတွက်လည်း video conference ကို လူရာထောင်ချီပြီး လုပ်နိုင်ပါတယ်။ အသေးစိတ်ကိုတော့ ဒီလင့်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Zoom » https://zoom.us/pricing
Google Meet » https://meet.google.com
Skype » https://www.skype.com/en/

Tasks Management

နောက်ထပ် စိတ်ဝင်စားစရာကတော့ နေ့စဥ် တဓူဝတာဝန်တွေကို ဘယ်လို ညွှန်ကြားမလဲ?​ လိုက်နာဆောင်ရွက်ရမလဲ?​ ဆိုတာပါပဲ။ Video Conferenceကြီး တစ်နေကုန်ဖွင့်ထားပြန်ရင်လည်း ဖုန်းဘေလ်နဲ့ အလုပ်လုပ်ရတဲ့သူများအတွက် အဆင်မပြေသလို၊ work from homeဆိုတော့ ပတ်ဝန်းကျင် ဆူညံမှုတွေ၊ privacy တွေအတွက်လည်း အဆင်မပြေပြန်ဘူး။ ထို့ကြောင့် မည်သည့် တာဝန်တွေကို မည်သူက အတိအကျ လိုက်နာလုပ်ဆောင်သင့်သည်ဖြင့် အတိအကျ မြင်နိုင်မည့် အွန်လိုင်း ကျောက်သင်ပုံးတစ်ခု လိုလာမှာဖြစ်ပါတယ်။ ထို့အတွက်လည်း အရင်ထဲ အသုံးများပြီးသား ဆော့ဖ်ဝဲလ်တစ်ချို့ကို မျှဝေလိုက်ပါတယ်။

Slack » https://slack.com/intl/en-mm/
Asana » https://asana.com/pricing
Trello » https://trello.com
teamup » https://www.teamup.com/pricing/
toggl plan » https://toggl.com/plan/

Email & Collaboration 

၂၀၂၀ မှာ အင်တာနက် အသုံးပြုသူအများစုကတော့ အီးမေလ် ရှိပြီးသား ဖြစ်ပါတယ်။ သို့သော်ငြားလည်း အီးမေးလ်နှင့် ပါလာတဲ့ Calendars, Contacts, Chatနဲ့ စာစီစာရိုက်လုပ်လို့ ရတဲ့ Words / Docs, Excel / Sheets, PowerPoint / Slides အစရှိတဲ့ collaboration tools တွေဟာ work from home လုပ်တဲ့ နေရာမှာ အလွန်အသုံးဝင်လာပါတယ်။ ဒါတွေကို အသုံးမပြုဖူးဘူး ဆိုရင်တော့ ဒီလင့်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

G Suite » https://gsuite.google.com
Microsoft 365 » https://www.microsoft.com/en-ww/microsoft-365/business?market=mm

အကြမ်းမျဥ်းအားဖြင့် ဒီ tools တွေ ရှိနေပြီဆိုရင် work from home ကို စတင်လို့ ရပါတယ်။ သို့ပေမယ့် အရေးကြီးတဲ့ အင်တာနက် ကော်နက်ရှင်ကတော့ မိမိ အသုံးပြုပုံနဲ့ လိုက်လျောညီထွေမယ့် အမျိုးအစားကို ရွေးချယ်ဖို့ လိုပါတယ်။ SIM card နဲ့ အမြဲ wi-fi hotspot လွှင့်ပြီး သုံးနေမယ့်အစား ရေရှည်အတွက် broadband, FTTx လို ဝန်ဆောင်မှုများ ရှိထားသင့်ပါတယ်။

MPT » https://www.mpt.com.mm/en/home/fixed-line-services/dome-pyan-en/
Yatanarpon Teleport » https://www.ytp.com.mm/Personal-Plans
5BB » https://www.5bb.com.mm
Myanmar Net » https://myanmarnet.com/product/my-uni
AGB Communication » https://www.agbcommunication.com

ဒီအထဲမှာ မပါပဲ ကျန်ခဲ့သည်များကိုလည်း အောက်က comments မှာ ထောက်ပြနိုင်သလို၊ အခြား အဆင်ပြေတဲ့ နည်းပညာများ ရှိပါကလည်း မျှဝေပေးစေချင်ပါတယ်။ 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *