News

“Wireless Network Essentials Course (WNE)” အမှတ်စဉ် (၅) သင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Wireless Network Essentials Course(WNE) အမှတ်စဉ် (၅) သင်တန်းကို  ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ Wireless အကြောင်းလေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်း မှ သင်ကြားပေးမည်ဖြစ်သည်။

ပါဝင်မည့် အကြောင်းအရာများ…

class

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းသတင်းရရှိသည်။

(မှတ်ချက်။   အတန်းတက်ချိန် ၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)

Leave a Reply

Your email address will not be published. Required fields are marked *