Gadgets

Google Chromecast နဲ့ Android TV Stick ဘယ်ဟာကို ရွေးမလဲ?

Google Chromecast နဲ့ Android TV Stick နှစ်ခုမှာ ဘာတွေ တိတိကျကျ ကွာခြားပါသလဲ? Google Chromecast နဲ့ Android TV Stick တို့ဟာ အမြင်အားဖြင့်တူညီကြပေမဲ့ တော်တော်လေးကို ကွဲပြားခြားနားပါတယ် ။ Google Chromecast ဟာ သင့်ရဲ့ ကွန်ပြူတာမှာရှိတဲ့ Chrome Tab ကို သင့်ရဲ့ TV ပေါ်မှာ ပုံရိပ်ကဲ့သို့ ထင်ဟပ်စေမှာဖြစ်ပါတယ် ။ ဒါမှမဟုတ် သင့်ရဲ့ Android နဲ့ iOS Device တွေက တစ်ချို့သော Application တွေကို သင့်ရဲ့ TV ကို ထုတ်လွှင့်ပေးနိုင်မှာဖြစ်ပါတယ် ။ တစ်နည်းပြောရမယ် ဆိုရင်တော့ Google Chromecast ဟာ သင့် ပိုင်ဆိုင်ပြီးသား ပစ္စည်းတွေရဲ့ စွမ်းဆောင်ရည်ကို ထပ်မြှင့်ပေးမဲ့ Supplementary ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ် ။

တစ်ခြားတစ်ဖက်မှာတော့ Android TV Stick ဟာ Screen မပါတဲ့ Android ဖုန်းတွေရဲ့ Cellular Component တွေလိုပဲ ဖြစ်ပါတယ် ။ Android Sticks တွေဟာ Android Operating System ကိုအသုံးပြုလည်ပတ်မောင်းနှင်မှာ ဖြစ်ပါတယ် ။ ပုံမှန်အားဖြင့်တော့ Android Version 4.2 ကို အသုံးပြုမှာဖြစ်ပါတယ် ။ Android Sticks တွေဟာ မည်သည့် TV ကို မဆို ချိတ်ဆက်ပြီးတော့ USB Stick တွေလိုပဲ အလုပ်လုပ်နိုင်စွမ်းရှိတဲ့အပြင် Bluetooth Mouse နဲ့ Keyboard တွေနဲ့ တွဲဆက်ပြီး အလုပ်လုပ်နိုင်ပါတယ် ။ ဒါကြောင့် Android Stick တွေဟာ မိမိဘာသာ ရပ်တည်နိုင်တဲ့ ပစ္စည်းမျိုးဖြစ်ပြီး ကွန်ပြူတာ နဲ့ မိုဘိုင်းပစ္စည်းတွေရဲ့ အကူအညီကိုမလိုအပ်ပါဘူး ။

Google Chromecast

Chromecast ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ကမှ စတင်ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅ ပဲပေးရတာဖြစ်တဲ့အတွက် ဈေးသက်သာတဲ့ ပစ္စည်းပဲဖြစ်ပါတယ် ။ Chromecast ဟာ သင့်ရဲ့ Laptop ၊ Smartphone နဲ့ Tablet တွေက သတင်းအချက်တွေကို Streaming လုပ်ပေးနိုင်တဲ့ ပစ္စည်းပဲဖြစ်ပါတယ် ။ Chromecast ဟာ Apple TV နဲ့ Roku တို့နဲ့ အလုပ်လုပ်ပုံချင်း တူတူပဲဖြစ်ပါတယ် ။ Android နဲ့ iOS Device တွေမှာဆိုရင်တော့ Chromecast ဟာ Netflix , Hulu Plus, You Tube, HBO Go, Pandora, Google Play Movies and Music အစရှိသည်တို့က Streaming တွေကို တရား၀င် Support လုပ်ပါတယ် ။

Laptop နဲ့ Desktop တွေမှာရှိတဲ့ Chrome Browser တွေက Browser Window ကို Chromecast Device ဆီကို ပုံရိပ်အနေနဲ့ Support လုပ်ပါတယ် ။ သင့်ရဲ့ TV မှာရှိတဲ့ HDMI Port ကိုအသုံးပြုပြီး Chromecast ကို Plug in လုပ်ရမှာဖြစ်ပြီးတော့ TV က USB Port ဒါမှမဟုတ် အနီးအနားမှာရှိတဲ့ Power Outlet တွေကိုအသုံးပြုပြီးတော့ Power ပေးရမှာဖြစ်ပါတယ်။ Chromecast ဟာ သင့်ရဲ့ Android နဲ့ iOS ပစ္စည်းတွေနဲ့ Wifi Network တစ်ခုထဲမှာ အသုံးပြုနေသရွေ့ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ် ။ ဒါပေမဲ့ သင့်ရဲ့ Wifi Network ဟာ ပုံမှန်အသုံးပြုနေကြ WPA2 or WEP မဟုတ်ဘဲနဲ့ Browser Log In ၀င်ရတဲ့ အမျိုးအစားဆိုရင်တော့ Chromecast ကိုအသုံးပြုလို့မရပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ Chromecast မှာ Built In Browser မပါ၀င်လို့ပဲ ဖြစ်ပါတယ် ။

Android TV Stick

Cozyswan-Android-Mini-PC

Android Stick တွေဟာ ဘာတွေလဲ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို လူအများစိတ်၀င်စားခံရဆုံး ပစ္စည်းတွေပဲ ဖြစ်ပါတယ် ။ အခြေခံအားဖြင့်တော့ သူတို့တွေဟာ Android Device တွေရဲ့ Internal အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ် ။ Android Stick တွေမှာ HDTV တွေနဲ့ ချိတ်ဆက်ဖို့အတွက် Male HDMI Port တွေပါရှိပါတယ်။ ဒါ့အပြင် Power ပေးဖို့အတွက် နဲ့ တစ်ခြားသော Input Device တွေချိတ်ဆက်ဖို့အတွက် USB Port တွေပါရှိပါတယ် ။ Android Application တွေကို အသုံးပြုမယ်ဆိုရင် Screen ကိုသာထိတွေ့အသုံးပြုလို့ရပြီး Mouse တွေ Keyboard တွေနဲ့ တွဲဖက်အသုံးပြုလို့မရပါဘူး ။ ဒါပေမဲ့ ဒီ Android Stick ကိုအသုံးပြုပြီး သင့်ရဲ့ TV မှာ Android Application တွေကိုအသုံးပြုလို့ရပါပြီ။ သင့်အနေနဲ့ Google Play Store ကကြိုက်တဲ့ Application ကို Download ဆွဲပြီး သင့်ရဲ့ TV မှာ အသုံးပြုလို့ရပါပြီ။ ဒါ့အပြင် Final Fantasy IV, FIFA 14 တိုလို့ Game မျိုးကိုလည်း Game Controller နဲ့ တွဲဖက်ကစားနိုင်ပါပြီ။ ဒါ့အပြင် Email ပို့တာ ၊ Browser တွေကိုအသုံးပြုပြီး Web တွေထဲရှာဖွေတာတွေ အကုန်လုံးကို သင့်ရဲ့ TV ကို အသုံးပြီးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ။ ဒါ့ကြောင့် Android Stick ကိုအသုံးပြုပြီး သင့်ရဲ့ TV ကို Android Mini PC သကဲ့သို့ အသုံးပြုနိုင်ပါပြီ ။
Samsung နဲ့ LG ကဲ့သို့ Major Brand တွေက ထုတ်လုပ်ထားတဲ့ Android Stick တွေကတော့ မရရှိနိင်သေးပါဘူး ။ ယခုချိန်မှာတော့ Brand နာမည်မရှိတဲ့ Rikomagic , iPazzPort နဲ့ FAVI စတဲ့ Android Stick တွေကိုတော့ ဈေးကွက်ထဲမှာ ၀ယ်ယူနိုင်ပါတယ် ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ဒီ Android Stick တွေဟာ Android Application နဲ့ Game တွေကိုဆော့ဖို့ လုံလောက်တဲ့ စွမ်းရည်ရှိတယ်လို့ သိရပါတယ် ။ Android Stick တွေရဲ့ Output ဟာ 1080P ရှိပြီး Dual-Core ဒါမှမဟုတ် Quad Core Processor တွေကို အသုံးပြုထားတာဖြစ်ပါတယ် ။

Rikomagic-Device

Chromecast နဲ့ Android Stick ဘာကိုရွေးချယ်မလဲ?

Chromecast နဲ့ Android Stick တွေဟာ အပြင်ပန်းပုံစံအရတော့ တူပေမဲ့ သူတို့နှစ်ခုဟာ မတူညီတဲ့ ဈေးကွက်ထဲမှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ Chromecast ဟာ နည်းပညာလောကနဲ့ သိပ်အကျွမ်းမ၀င်တဲ့ သုံးစွဲသူတွေနဲ့ ပိုပြီး သင့်တော်ပါတယ် ။ Chromecast ဟာ ရိုးရှင်းပြီးတော့ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ဒါပေမဲ့ သူ့ကို အသုံးပြုဖို့အတွက်တော့ Phone, Tablet နဲ့ Laptop တွေကို အချိန်ပြည့်လိုအပ်နေမှာ ဖြစ်ပါတယ်။

Android Stick တွေကိုအသုံးပြုဖို့ အတွက်ဆိုရင်တော့ နည်းပညာနဲ့ ပတ်သတ်တဲ့ Knowledge လိုအပ်ပါတယ်။ အထက်ကဖော်ပြခဲ့တဲ့အတိုင်း ခုချိန်မှာတော့ Major Brand တွေကထုတ်လုပ်ထားတဲ့ Android Stick တွေမရှိသေးပါဘူး ။ Android Stick တွေကိုအသုံးပြုပြီး သင့်ရဲ့ Old TV ကို Smart TV အဖြစ်သို့ ပြောင်းလဲအသုံးပြုနိုင်ပါပြီ။ Android Stick တွေဟာ ဈေးလည်းသက်သာပြီး သူ့ကို အသုံးပြုဖို့ Chromecast လိုမျိုး Smart Phone , Tablet နဲ့ Laptop တွေကို မလိုအပ်ပါဘူး ။

Google Chromecast ကိုပဲရွေးချယ်မလား? Android Stick ကိုပဲ အသုံးပြုမလား ဆိုတာကတော့ သင်ကိုယ်တိုင် အထက်ကကြောင်းအရာတွေကို ကြည့်ပြီးပဲ ဆုံးဖြတ်လိုက်ပါ ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *