Opinion

Winter Olympic သမိုင်းကြောင်း

ရုရှားနိုင်ငံမှာ အခု ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်ဟာ အဓိက နိုင်ငံတကာ အားကစားပြိုင်ပွဲဖြစ်ပြီး လေးနှစ်တစ်ကြိမ် ကျင်းပတာဖြစ်ပါတယ်။ ဆောင်းရာသီအိုလံပစ်ကို ၁၉၂၄ ခုနှစ်မှာ ပြင်သစ်နိုင်ငံ Chamonix မြို့မှာ ပထမဆုံး ကျင်းပခဲ့ပါတယ်။ ဆောင်းရာသီ နဲ့ ပတ်သက်တဲ့အားကစားတွေဖြစ်တဲ့ နှင်းလျောစီးခြင်း၊ စကိတ်စီးခြင်း၊ ရေခဲပြင်ဟော်ကီရိုက်ခြင်း စတဲ့ အားကစား နည်းတွေကို ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ ဆောင်းရာသီအိုလံပစ်ကို ၁၉၂၄ ခုနှစ်ကနေ ၁၉၃၆ ခုနှစ်အထိ လေးနှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ ရပ်နားခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့ပြီး လေးနှစ်တစ်ကြိမ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် မတိုင်မီအထိ နွေရာသီအိုလံပစ် နဲ့ ဆောင်းရာသီအိုလံပစ် တို့ကို တူညီတဲ့ နှစ်တွေမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ International Olympic Committee (IOC) ရဲ့ ဆုံးဖြတ်ချက်နဲ့ နွေရာသီအိုလံပစ် နဲ့ ဆောင်းရာသီအိုလံပစ် တို့ကို မတူညီတဲ့နှစ်များမှာ ခွဲခြား ကျင်းပခဲ့ပါတယ်။ စုံဂဏာန်းကျတဲ့ နှစ်တွေမှာ အိုလံပစ်ပွဲတစ်ခုကို တစ်လှည့်စီ ကျင်းပခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံမှာ ဆောင်းရာသီအိုလံပစ် ကျင်းပပြီး နောက်နှစ်နှစ်မှာ နွေရာသီအိုလံပစ်ကို ကျင်းပမှာဖြစ်ပါတယ်။ နွေရာသီ အိုလံပစ် ကျင်းပပြီး နောက်နှစ်နှစ်မှာ ဆောင်းရာသီအိုလံပစ်ကို ကျင်းပမှာဖြစ်ပါတယ်။

အခု ရုရှားမှာ ကျင်းပနေတဲ့ ပွဲကို (၇) ရက်နေ့ကနေ (၂၃) ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ ဖွင့်ပွဲကို ခြောက်ရက်နေ့မှာ ပြုလုပ် ခဲ့တာဖြစ်ပါတယ်။

Sochi Winter Olympics ကို မြတ်ခြေမပြတ်စေဖို့ အတွက် Apps, News Feed တွေရှိပါတယ်။

Android, iOS, Kindle Fire တို့အတွက် App တွေကို အောက်မှာ ရယူနိုင်ပါတယ်။ အဲဒီ App တွေကတော့ BBC Sport App တွေဖြစ်ပါတယ်။

Android, iOS, Kindle Fire

ဒါကတော့ Sochi 2014 Instagram လိပ်စာဖြစ်ပါတယ်။

http://instagram.com/olympics

Facebook ကနေ ဖတ်ရှုဖို့အတွက် အောက်က Page ကို Like လုပ်နိုင်ပါတယ်။

https://www.facebook.com/sochi2014

ဖွင့်ပွဲက ဓာတ်ပုံတွေကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *