Featured, News

ဘာကြောင့် ဖန်တလဲလဲသုံးနိုင်တဲ့ ရေသန့်ဗူးကို မသုံးသင့်လဲ။

ဘာကြောင့် ဖန်တလဲလဲသုံးနိုင်တဲ့ ရေသန့်ဗူးကို မဝယ်သင့်လဲ

ကျွန်တော်တို့အားလုံး သိကြပါတယ်။ ရေဘူးလေးတွေဟာ ကျွန်တော်တို့တွေရဲ့ ဘဝတွေကို ဘယ်လောက်တောင် ပြည့်စုံစေလဲဆိုတာ။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့တွေရဲ့ ပတ်ဝန်းကျင်တွေအတွက်တော့ တကယ့်ကို ကြီးမားတဲ့ အပျက်အစီးကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရေဘူးလေးတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ကြီးကြီးစွမ်းဆောင်ပေးနိုင်တာ သိပ်မရှိပါဘူး။ ကျွန်တော်တို့တွေ အားလုံးအသုံးပြုဖူးကြပါတယ်။ နေရာတိုင်းမှာလိုလို ရှိပါတယ်။ ဘီလီယံနဲ့ချီတဲ့ လူတွေ သုံးနေကြတဲ့ အရာတစ်ခုဟာ ပျက်စီးမှု အရမ်းကြီးတယ်ဆို သူ့အစား လွယ်ကူတဲ့ ဖြေရှင်းချက်မရှိဘူးလား။ ဒါဟာ တော်တော်လေးကို ရိုးရှင်းတယ်၊ ကျွန်တော်တို့အားလုံး ရေဓါတ်မရှိမဖြစ် လိုအပ်တယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ရေသန့်ဗူးတွေဟာ ကမ္ဘာပေါ်မှာ တန်းဖိုးကြီးလှတဲ့ အရင်းအမြစ်တွေကို တစ်စစဖျက်စီးနေတယ်။ အဲဒီ့အပြင် ဘယ်သူကမှ ကိုယ်သုံးနေတဲ့ ရေဗူးသန့်လားမသန့်လား ဆိုတာကို မသိကြဘူး။ တစ်ကယ်တမ်းကြတော့ တစ်ခါတစ်ရံမှာ ဒါဟာ တော်တော်ကို ဆိုးရွားပါတယ်။ ဘာကြောင့် ဖန်တလဲလဲသုံးနိုင်တဲ့ ရေသန့်ဗူးကို မဝယ်သင့်လဲတစ်ကယ်လို့ သင်အနေနဲ့ ရေသန့်ဗူးသုံးတဲ့ အကျင့်ကို သုံးနေရတာ သံသယရှိနေပြီဆိုရင်တော့ နောက်ထပ်မသုံးတာဟာ ပိုကောင်းပါတယ်။ ဒါဟာ သင့်အနေနဲ့ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ နိုင်ငံကိုပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးကိုဖြစ်ဖြစ် ကာကွယ်ရာ ရောက်ပါတယ်။ သင့်အနေနဲ့ မသုံးတော့ဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒါဆို အောက်က ပုံလေးတွေနဲ့ အကြောင်းအရာလေးတွေကို ကြည့်ကြည့်ပါ။Camelbak_DitchDisposable_604_KS_V5

ရေဘူးကို လေ့လာကြည့်ရအောင်
1. လူတိုင်းအတွက် ပိုက်ကလာတဲ့ရေဟာ ဘေးကင်းဖို့ အကောင်းဆုံးနဲ့ ရှည်ကြာစေတဲ့ အဖြေ – သင်ပြောချင်နေတဲ့ အရာတွေကို Congress ကို ရေးပြီး ပို့လိုက်ပါ၊ FDA နဲ့ ပြည်နယ် အစိုးရတွေကို မြို့တော်ကလာတဲ့ ရေကိုသန့်အောင်၊ ကွာလတီကောင်းအောင် ထိန်းသိမ်းဖို့ ပြောပါ။
2. သင်ဘယ်နေရာသွားသွား ပြန်အသုံးပြုလို့ရတဲ့ ရေဗူး(BPA မပါတဲ့) တွေယူသွားပါ – အဲဒီ့နည်းနဲ့ သင်သွားတဲ့လမ်းခရီးမှာ ဘယ်ရေသန့်ဘူးမှ ဝယ်စရာမလိုပါဘူး။ ရေသန့်တွေ အလကားပေးတဲ့ဆီမှာ ကိုယ့်ရဲ့ဗူးထဲကို ရေဖြည့်ပါ။ တစ်ချို့ စားသောက်ဆိုင်တွေမှာ စာပွဲထိုးကိုဖြစ်ဖြစ်၊ စားသောက်ဆိုင်အလုပ်သမားကို ဖြစ်ဖြစ် ဖြည့်ခိုင်းလို့ ရပါတယ်။ တစ်ကယ်လို့ သင့်အနေနဲ့ ဓါတ်မတည့်စေတဲ့ အရာတွေပါမှာ ဆိုးရင် ရေဖြည့်ပြီးသား ရေဗူးအသစ်တစ်ခုကို ဝယ်ပါ။
3. သင့်ရဲ့ tap water ကလာတဲ့ ရေအကြောင်းကို လေ့လာပါ – သင်ရေဖိုးပေးရတဲ့ ဆားဗစ်ကို ဖုန်းဆက်ပါ၊ ပြီးရင် သင့်ရဲ့ နေရာမှာ ရေကို ဘယ်လိုသန့်အောင် လုပ်ကမလဲ မေးပါ။ ရေဖြန့်တဲ့သူတွေပြောတဲ့ မှတ်တမ်းမှာတော့ သူတို့ဟာ ရေကွာလတီအကောင်းကိုပဲ ထောက်ပံ့တာပါလို့ ပြောပါလိမ့်မယ်။
4. တစ်ကယ်လို့ သင့်ရဲ့ tap water ကလာတဲ့ ရေဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေပါနေရင် သူတို့ကို ကာကွယ်ဖို့ ရေစစ်ကို သုံးပါ – National Resources Defense Council’s က ထုတ်တဲ့ ရေသုံးသူတွေ ရေကို ဘယ်လိုစစ်မလဲ ဆိုတဲ့ လမ်းညွှန်ကို ဖတ်ပါ။
5. ပြန်သုံးလို့ရတဲ့ ပလပ်စတစ် ရေဗူးတွေကို မသုံးပါနဲ့ – သူတို့ဟာ မသန့်ရှင်းနိုင်ပါဘူး။ ထပ်တလဲလဲ သုံးလိုရအောင် ဒါတုဓါတ်တွေနဲ့ ထုတ်ထားတာ ဖြစ်တဲ့အတွက် မသုံးသင့်ပါဘူး။
6. ပလပ်စတစ်ရေဗူးတွေကို ဆန့်ကျင်တဲ့သူတွေကို ထောက်ပံ့ပါ – New York City, Seattle, San Francisco နဲ့ Chicago တို့မှာ အစိုးရရဲ့ ရန်ပုံငွေနဲ့ ရေသန့်ဗူးတွေဝယ်ဖို့ ကန့်ကွက်ပါတယ်။ တစ်ချို့ တက္ကသိုလ်တွေမှာဆို ရေသန့်ဗူးရောင်းတာတောင်မှ ကန့်ကွက်ကြပါတယ်။
7. မဖြစ်မနေ ရေသန့်ဗူး ဝယ်မှရမယ်ဆို အကောင်းဆုံးဟာကို ဝယ်ပါ – သင်ဝယ်မယ့် ရေသန့်ဗူးကို ဘယ်ကထုတ်လဲ သေချာကြည့်ပါ။ ဗူးရဲ့ label မှာ ‘မြူနီစပယ် အရင်းအမြစ်မှ’ ဒါမှမဟုတ် ‘အဖွဲ့အစည်း ရေစနစ်မှ’ လို့ရေးထားရင် အဲဒါဟာ မြို့တော်ရဲ့ tap water မှ ထည့်ထားတာပါ။ ဒါဆိုရင် သူတို့အတွက် ပိုက်ဆံတောင်ပေးစရာ မလိုပါဘူး။ တစ်ကယ်လို့ label မထိုးထားရင် သင်ဝယ်တဲ့ရေဗူးကုမ္ပဏီကို ဘယ်ကအရင်းအမြစ်လဲဆိုတာ မေးကြည့်ပါ။ ကာကွယ်ထားတဲ့ အရင်းအမြစ်တွေ ယူထားတဲ့ ရေကိုပဲ သောက်သုံးပါ။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Leave a Reply

Your email address will not be published. Required fields are marked *