News

လုပ်ငန်းခွင်မှ လူငယ်များအတွက် အဆင့်မြင့်အသက်မွေးမှု အတတ်ပညာ

လုပ်ငန်းခွင်မှ လူငယ်များအတွက် အဆင့်မြင့်အသက်မွေးမှု အတတ်ပညာ

မြန်မာနိုင်ငံမှာ အဓိက ကုန်ထုတ်စွမ်းအားစုဖြစ်တဲ့ လုပ်ငန်းခွင်အတွင်းရှိ လူငယ်များ အရည်အသွေး တိုးတက်လာ စေဖို့ အလွန်လိုအပ်နေတဲ့အချိန် ဖြစ်ပါသည်။ စာတွေ့လက်တွေ့ နှစ်ရပ်လုံး ကျွမ်းကျင်တတ်မြောက်သူ လူငယ်များ အများအပြား ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ CVT Myanmar သင်တန်းအကြောင်း တင်ပြလိုပါ သည်။ CVT ဆိုသည်မှာ Center for Vocational Training ဖြစ်ပါသည်။ CVT Myanmar သည် ဆွစ်ဇာလန် အခြေ ပြု INGO, Non-profit organization  ဖြစ်ပါသည်။

CVT သည် စိတ်ဝင်စားသော လူငယ်တို့ ရွေးချယ်သည့် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းကျောင်းတစ်ခုပင် ဖြစ်ပါသည်။ သင်တန်းကျောင်းသည် အလုပ်ခွင်အတွင်း လက်တွေ့လေ့လာမှုနှင့် CVT တွင် စာတွေလေ့လာမှု သီအိုရီပိုင်းများဖြင့်  ပါဝင်ဖွဲ့စည်းထားပါ သည်။ အမှန်တကယ် တက်ရောက်သင့်သူများသည် လက်ရှိအလုပ်ခွင်တွင် တာဝန်ထမ်းဆောင်သူ အသက် (၁၈ – ၂၂) နှစ်အကြား လူငယ်များဖြစ်ပါသည်။

သင်တန်းအောင်မြင်ပြီးမြောက်ပါက Junior Professional  အဆင့်သို့တက် လှမ်းနိုင်မည် ဖြစ်ပါသည်။ လူငယ်များအတွက် CVT သင်တန်းကျောင်းသည် Theory Concept Profession အလိုက်အထူး ကြပ်မတ် သင်ကြားပေးပြီး၊ ထိုသင်ကြားရေး result များကို လူငယ်တို့ လုပ်ငန်းခွင် မန်နေဂျာများထံ (၃) လ တစ်ကြိမ် Report Card ပေးပို့ပါသည်။ လုပ်ငန်းခွင်အတွင်း ထိုသင်တန်းသား အလုပ်သင် လူငယ်တို့၏ ကြိုးစားအားထုတ် လိုက်နာဆောင်ရွက်မှုများကိုလည်း CVT သို့ မန်နေဂျာများမှ တစ်ဆင့် Feedback များပေးခြင်းဖြင့် CVT သင်တန်းကျောင်းနှင့် ၄င်းတို့၏ လုပ်ငန်းခွင်များ ပူးတွဲလေ့ကျင့် ပေါင်းစပ် သင်ကြားခြင်းဖြင့် လုပ်ငန်းခွင်အတွင်း အရည်အချင်းပြည့်ဝသော လူငယ်လူရွယ်များ ထွက်ပေါ်လာစေရေးကို ရှေးရှုအကောင်အထည် ဖော်ထားသော သင်တန်းဖြစ်ပါသည်။

အဆိုပါ သင်တန်းများကို နှစ်စဉ်နှစ်တိုင်း မေလတွင် အတန်းသစ်များကို စတင်ဖွင့်လှစ်လျက် ရှိပါသည်။ သင်တန်း အမျိုးအစားများမှာ စီးပွားရေး ပညာအထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု ပညာသင်တန်း၊ ပရိဘောဂ ပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နှင့် ဝန်ဆောင်မှုဆိုင်ရာ အတတ်ပညာသင်တန်းနှင့် သတ္တုပစ္စည်းထုတ် လုပ်မှု အတတ်ပညာသင်တန်းတို့ ဖြစ်ပါသည်။ သင်တန်းတက်ရောက်နှစ် ၃ နှစ်ကြာမြင့်မည်ဖြစ်ပြီး ဒီပလိုမာအောင် လက်မှတ်ကို ချီးမြှင့်မည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရမည့် အချိန်မှာ တစ်ပတ်လျှင် တစ်ရက်တက်ရမည်။ သုံးနှစ်ဆက်တိုက် တက်ရောက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်ရှိ စီမံခန့်ခွဲသူများ၏ သဘောတူညီမှုရှိပြီး ခွင့်ပြုချက်ရှိရပါမည်။

သင်တန်းတက်ရောက်လိုသူများသည် တက်ရောက်လိုသည့်ပညာရပ်အလိုက် လက်ရှိလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူ များသာ လျှောက်ထားရန် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်းရှိရမည်ဖြစ်ကြောင်းနှင့် ပရိဘောဂပြုလုပ်မှုအ တတ်ပညာသင်တန်းနှင့် သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်း တက်လိုသူများသည် ပညာအရည်အချင်း ၈ တန်း အောင်မြင် ရမည်ဖြစ်ပြီး စီးပွားရေးပညာ အထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှုပညာသင် တန်းတို့နှင့် ဟိုတယ်နှင့် ဝန်ဆောင်မှုဆိုင်ရာ အတတ်ပညာသင်တန်းတို့အတွက် ၁၀ တန်းအထိ ပညာသင်ပြီးသူများ လျှောက်ထားတက်ရောက်နိုင်ကြောင်း သိရပါသည်။ ၂၀၁၅ – ၁၆ ပညာသင်နှစ်တွင် သင်တန်းသား သင်တန်းသူ (၆၀ဝ) ခန့် လက်ခံသင်ကြားနေမည်ဟု သိရပါသည်။ အသက်ကန့်သတ်ချက်ကို လုပ်ငန်းများ လိုအပ်ချက်အရ ညှိနှိုင်းပြီး ၂၅ နှစ်အထိ လျှောက်ထားနိုင်ပါသည်။

အသက်မွေးမှု ပညာ စာတွေ့လက်တွေ့ သင်တန်းတက်ရောက်ချင်သူများအတွက် ဝင်ခွင့်လျှောက်လွှာများကို နှစ်စဉ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ထုတ်ယူလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာထုတ်ယူခြင်း၊ လျှောက်ထား ခြင်း၊ သင်တန်းတက်ခြင်း အားလုံးတို့သည် သင်တန်းသူ သင်တန်းသားများမှ မည်သည့်စရိတ်မျှကျခံရန် မလိုအပ် ဘဲအရည်အသွေး ကောင်းမွန်သော အသက်မွေးပညာရေးသင်တန်းများကို CVT Myanmarတွင်ရရှိမည်ဖြစ်ပါသည်။

အသစ်ထပ်မံဖွင့်လှစ်မည့် သင်တန်းနှင့်ပတ်သက်သော သိကောင်းစရာများကို သင်တန်းကျောင်းတည်ရှိရာ အမှတ် ၄၂၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီရုံး အဆောက်အဦ၏ သုံးလွှာတွင် ဖေဖော်ဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ဝ၁-၃၈၃-၆၇၆ နှင့် ဝ၉-၇၃၁-၆၆၂-၀၆၊ ဝ၉ -၂၅၀-၆၄၀-၆၀၈ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *