Mobile

ဘယ် Tabletတွေ ၀ယ်ကြမှာလဲ ?

ဒီတစ်ခါမှာတော့ Tablet၀ယ်ဖို့ စဉ်းစားနေတဲ့ မြန်မာအိုင်စီတီ ပရိသတ်ကြီးအတွက် အကျိုးပြုမယ့် အစီအစဉ်လေးတစ်ခု တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Tabletရဲ့ စွမ်းဆောင်ရည်၊ ဈေးနှုန်း၊ အကြမ်းခံ၊ တာရှည်ခံနိုင်မှုနဲ့ အရောင်အသွေး ဒီဇိုင်းလှပမှုတွေ ပေါ်မှာ မူတည်ပြီး ၀ယ်ယူသင့်တဲ့ Tabletလေးတွေကို အစီစဉ်လိုက် ဖော်ပြပေးသွားမှာပါ။

၁။ နံပါတ်တစ် Suggestလုပ်ချင်တာက Appleရဲ့ စတုတ္ထမြောက်မျိုးဆက် iPadပါ။ ၎င်းTabletဟာ သူ့ရဲ့ အလွန်လှပ ကောင်းမွန်တဲ့ Screen, အလွန်တရာမြန်ဆန်တဲ့ Performanceတွေနဲ့ အတူ ထိပ်တန်း Tabletတစ်လုံးပဲ ဖြစ်ပါတယ်။ ဈေးကြီးတာတော့ မှန်ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်တွေ၊ ကောင်းမွန်မှုတွေနဲ့ ချိန်ထိုး စဉ်းစားကြည့်လိုက်တဲ့အခါ ၀ယ်ယူသင့်တဲ့ Tabletတစ်လုံးလည်း ဖြစ်ပါတယ်။ နောက်ဆုံးထွက် iPadမှာ ဂရပ်ဖစ်ပါဝါနဲ့ System Speedတွေ ပိုမြန်တဲ့ A6X Processorတပ်ဆင် အသုံးပြုထားတဲ့အပြင် LTEစနစ်နဲ့ တစ်ကမ္ဘာလုံးက ကွန်ရက်တွေမှာ သုံးနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် အဆိုပါ iPadဟာ လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်ဖို့ ကြီးမားတယ်လို့ အချို့ကဆိုပါတယ်။ ဒီအတွက် စိတ်မပူပါနဲ့။ Appleက iPad Miniကိုလည်း စီစဉ်ထုတ်လုပ် ပေးထားပါတယ်။

၂။ နောက်တစ်ခုကတော့ မကြာသေးခင်ကမှ နာမည်ကြီးပြီး ထွက်ရှိခဲ့တဲ့ Googleရဲ့ Nexus 7 Tabletပါ။ အန်းဒရွိုက်ဘုရင်လို့တောင် တင်စားခြင်း ခံရပြီး Googleရဲ့ Tabletဖြစ်တာနဲ့ အညီ နောက်ဆုံးထွက် အန်းဒရွိုက်ဗားရှင်းတွေကိုပါ အလွယ်တကူဒေါင်းပြီး Updateလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Tabletရဲ့ နောက်မျိုးဆက်ကိုလည်း မကြာခင်ထုတ်လုပ်သွားနိုင်ဖွယ် ရှိနေပြီး လက်ရှိမှာတော့ Nexus 7ဟာ မင်းမူနေဆဲပါ။ ပါးလွှာတဲ့ Screen, သက်တောင့်သက်သာ ဖြစ်တဲ့ ဒီဇိုင်းနဲ့ ကြာရှည်ခံတဲ့ Batteryတို့နဲ့အတူ အန်းဒရွိုက် 4.2သုံးထားပြီး ဈေးနှုန်းသက်သာခြင်းကလည်း အဆိုပါ Tabletကို သုံးဖို့ ဆွဲဆောင်မှု တစ်ရပ် ဖြစ်နေပါတယ်။ ဒါပေမယ့် အန်းဒရွိုက်အနေနဲ့ Tabletအတွက် Appsတွေ လိုအပ်နေသေးပြီး အဆိုပါ Deviceရဲ့ HSPA+ မြန်နှုန်းဟာလည်း နေရာဒေသလိုက်ပြီး ကွာခြားတယ်လို့ ဆိုပါတယ်။ Amazonမှာတော့ ဒေါ်လာနှစ်ရာနဲ့ ရရှိနိုင်ပါတယ်။

၃။ Amazonက ထုတ်တဲ့ Kindle E-readerလေးပဲ ဖြစ်ပါတယ်။ ညအချိန်မှာပါ စာဖတ်နိုင်ဖို့ Built-in Light စီစဉ်ပေးထားတဲ့အပြင် အလွန်တစ်ရာ ကောင်းမွန်လှပတဲ့ Screenနဲ့ အချိန်အကြာကြီး သုံးလို့ရတဲ့ Batteryသက်တမ်းပါ ပါရှိပါတယ်။ ဒါ့အပြင် Amazonက စုစည်းပေးထားတဲ့ Ebookတွေဟာလည်း အကောင်းဆုံး ဖြစ်ပြီး အားသွင်းဖို့ AC Adapterတော့ မပါ၀င်ဘူးလို့ သိရပါတယ်။ Micro USBကြိုးသာ ပါ၀င်ပြီး Memoryကဒ် လည်းထပ်မစိုက်နိုင်ပါဘူး။ ဒါပေမယ့် ဒီE-Readerဟာ ကျောင်းသားတွေ၊ စာဖတ်ဝါသနာအိုးတွေ အတွက်တော့ အလွန်တရာ အသုံး၀င်မှာ သေချာပါတယ်။

၄။ နောက်တစ်ခုက တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ Galaxy Note 8 Tabletဖြစ်ပါတယ်။ တစ်ခြား Tabletတွေနဲ့ မတူညီတဲ့အချက် ကတော့ Samsungရဲ့ S-Penပါ၀င်တာ ပါပဲ။ အသုံးပြုသူက အဆိုပါ Penနဲ့ Noteရေးမှတ်တာ၊ Emailရေးတာတွေအပြင် သင့်ရဲ့လက်ရေးကို ကွန်ပျူတာ စာစီထားသလို လှလှပပလေးတွေ ဖြစ်အောင်လည်း ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် S-Penပါ၀င်တဲ့ အတွက် တစ်ခြား Tabletတွေလိုမျိုး Typingလုပ်နေစရာမလိုတော့ ပါဘူး။ ပုံမှန် စာရေးသလိုပဲ အသုံးပြုနိုင်ပြီး သူ့ရဲ့ အရွယ်အစားဟာလည်း အနေတော်ပဲ ဖြစ်တဲ့အတွက် Smartကျတဲ့ ခံစားမှုမျိုး တကယ်ပဲ ရရှိစေမှာပါ။ Memoryကို microSD Cardနဲ့ ထပ်မံတိုးချဲ့နိုင်ပြီး ဗီဒီယိုတွေကြည့်ရှုဖို့ Watch Onဆိုတဲ့ အကောင်းစား Featureအသစ်လည်း ပါ၀င်လာပါတယ်။ ဒါပေမယ့် ၃၉၉ဒေါ်လာဆိုတဲ့ ဈေးနှုန်းဟာ Tabletအသေးတစ်လုံး အတွက် များပြားနေပြီး iPad Miniလောက် မပေါ့ပါးဘူး လို့လည်းဆိုပါတယ်။

၅။ နောက်တစ်ခုကတော့ မိုက်ခရိုဆော့ဖ်က ထုတ်လုပ်တဲ့ Windows 8 စနစ်သုံး Surface Pro Tabletပဲ ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် ဆယ်လက်မရှိပြီး Keyboardပါ တစ်ပါတည်း တွဲဖက်လာတဲ့ Tabletပါ။ Windows 8ရဲ့ Featureတွေကို Touch Screenအဖြစ် အပြည့်အ၀သုံးစွဲ နိုင်မှာပါ။ ပစ္စည်းက ကောင်းတဲ့အပြင် ဈေးကလည်း ကောင်းပါတယ်။ ဒေါ်လာ ရှစ်ရာခန့်သတ်မှတ် ထားတယ်လို့ သိရပါတယ်။

၆။ နောက်ဆုံးတစ်ခုကတော့ အထက်ကဖော်ပြခဲ့တဲ့ Kindle E-readerနဲ့ ကွဲပြားစွာ Kindle Fire HD Tablet ဖြစ်ပါတယ်။ အလွန်လှပတဲ့ ၈.၉လက်မအရွယ် HDမျက်နှာပြင် နဲ့4G LTE ချိတ်ဆက်အသုံးပြုနိုင်ကာ ၎င်းရဲဲ့ Web Performanceကတော့ အခြားTabletတွေနဲ့ ယှဉ်ရင် အားနည်းတယ်လို့ သိရပါတယ်။ ပြီးတော့ အဆိုပါ Tabletအတွက် စီစဉ်ပေးထားတဲ့ AppStoreမှာ ဂိမ်းတွေ၊ Appတွေ အများကြီး မရှိဘူးလို့လည်း ဆိုပါတယ်။ လူကြိုက်များပြီး Amazonရဲ့ သတ်မှတ်ချက်အရ ဒေါ်လာ ၂၇၀သာ ရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

3 thoughts on “ဘယ် Tabletတွေ ၀ယ်ကြမှာလဲ ?

  1. Jimmykyawkyaw Kyaw says:

    အရမ်းကြိုက်တယ်. လက်ရှိ ipad 3(new ipad) 3G wifi သုံးနေပါတယ်.. အရမ်းကောင်းပါတယ်…

  2. Ohnmar Htet says:

    ကျေးဇူးပါ ခင်ဗျာ့  သူငယ်ချင်းကလည်း ဝယ်ချင်နေတယ့့်  ဥမ္မာကလည်း ဟဲဟဲဟဲ ဝယ်ချင်နေတာပေါ့ ဗျာ့  အချိန်မှီကလေးပဲ ဒီသတင်းရရှိလိုက်တော့ ကျေးဇူးအရမ်းတင်မိတာပေါ့ ဗျ နော့့် 

  3. Aung Kyaw Soe says:

    very useful!

Leave a Reply

Your email address will not be published. Required fields are marked *