Featured, Health, News

HIV ရောဂါရဲ့ တိုက်ခိုက်မှု စွမ်းအားများတစ်ဖြည်းဖြည်း လျော့ကျလာ

HIV ရောဂါရဲ့ တိုက်ခိုက်မှု စွမ်းအားများတစ်ဖြည်းဖြည်း လျော့ကျလာ

HIVရောဂါဟာ ကူးစက်မှု တစ်ဖြည်းဖြည်း လျော့ကျလာပြီး လူရဲ့ ကိုယ်ခံစွမ်းအားကို တိုက်ခိုက်နိုင်မှု စွမ်းအားဟာ ကျဆင်းလာတယ်လို့ ဗြိတိန်မှ သုတေသန ပညာရှင်များရဲ့ စစ်တမ်းအသစ်မှာ ရေးသားထားပါတယ်။

သုတေသနကို ပြုလုပ်နေတဲ့ အောက်စဖို့ဒ် တက္ကသိုလ်က ဘီဘီစီရဲ့ အဆိုအရ ဗိုင်းရပ်စ် ကူးစက်ခံရရင်တောင် ဘေးအန္တရာယ်မရှိတော့ဘူးလို့ အချို့ ရောဂါဗေဒ ဆရာ၀န်များရဲ့ တွေ့ရှိချက်များနဲ့အတူပဲ AIDSကို ဖြစ်စေတဲ့ HIVရဲ့ စွမ်းအားတွေဟာ တစ်ဖြည်းဖြည်း အားပျော့လာပြီလို့ ပြောပါတယ်။

အတိအကျအားဖြင့် ကမ္ဘာအနှံ့မှ လူ ၃၅ သန်းဟာ HIV/AIDSရောဂါနဲ့ ရှင်သန်နေရတာပါ။ ကူးစက်ခံနေရတဲ့ သုံးသန်းကျော်ဟာ ကလေးတွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးက ပြောပါတယ်။ ၂၀၁၃ ခုနှစ် တစ်နှစ် တည်းမှာတောင် ၂.၁ သန်းဟာ ရောဂါစတင်ကူးစက်ခံရတာ ဖြစ်ပါတယ်။ အများစုကတော့ အာဖရိကက ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ အေအိုင်ဒီအက်စ်ကို ဖြစ်စေတဲ့ HIVရဲ့ စွမ်းအားတွေကို ယေဘုယျအားဖြင့်လျှော့ချနိုင်နေပါတယ်။ ဒါပေမယ့်လည်း HIVဟာ သာမည ရောဂါတစ်ခုလို့ သတ်မှတ်လို့ မရသေးဘဲ ကြောက်စရာကောင်းနေတုန်းပါပဲလို့” သုတေသနကို ဦးဆောင်တဲ့ Professor Philip Goulderက ပြောပါတယ်။

HIVဟာ လူတွေကို အန္တရာယ် မပေးနိုင်တဲ့ အချိန်ကို ရောက်ဖို့ကတော့ ကြာအုံးမှာလို့ တက္ကသိုလ်က သတိပေးထားပါတယ်။

သုတေသနအဖွဲ့ဟာ ဘော့ဆွာနာနဲ့ တောင်အာဖရိကမှာ သုတေသနပြုလုပ်ခဲ့ကြတာပါ။ ၂၀၀၂ နဲ့ ၂၀၀၅ ခုနှစ်အတွင်းမှာ စာရင်း ပေးသွင်းခဲ့တဲ့ ဒါဘန်မှ HIVဝေဒနာရှင် ကိုယ်၀န်ဆောင်သည်တွေနဲ့ ၂၀၀၇ နဲ့ ၂၀၀၈ အတွင်းမှာ စာရင်းပေးသွင်းခဲ့တဲ့ ဘော့ဆွာနာရှိ ဂါဘိုရိုနီမှ HIVဝေဒနာရှင် ကိုယ်၀န်ဆောင်သည်တွေကို လေ့လာခဲ့ကြတာပါ။ HIVဟာ လူများစွာမှာ စတင်ကူးစက်ခံရတာက ဘော့ဆွာနာမှာ ဖြစ်ပြီး နောက်ဆယ်စုနှစ်တစ်ခုကြာမှ တောင်အာဖရိကကို ကူးစက်တာပါ။ အဲဒီနှစ်နိုင်ငံကို နှိုင်းယှဉ်ကြည့်ရင် HIV ကူးစက်မှုဟာ ဘော့ဆွာနာမှာ ပိုမို နည်းပါးပါတယ်။

အဆိုပါ သုတေသနဟာ နောက်ထပ်ညွှန်ပြမှုတစ်ခုကိုလည်း ပြသခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ လာမယ့်ဆယ်စုနှစ်များမှာ ART ဆေးပေါင်းကုထုံးဟာ HIVရဲ့ တိုက်ခိုက်မှုစွမ်းအားကို အများဆုံး သုတ်သင်ပေးမယ်ဆိုတာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *