Mobile

Galaxy S4 Active ရေစိုခံဖုန်း

Samsungရဲ့ Galaxy S4 Seriesတွေဟာ ပြည်တွင်းမှာရော ပြည်ပဈေးကွက်မှာပါ လူကြိုက်များလျက် ရှိပါတယ်။ Galaxy S4မှာလည်း S4 mini, S4 Active, S4 Zoom, S4 Cameraစသဖြင့် အမျိုးအစား စုံလင်စွာ ရှိတဲ့ အထဲက ရေစိုခံဖုန်းရယ်လို့ နာမည်ကြီးနေတဲ့ Galaxy S4 Activeအကြောင်း တင်ဆက်ပေးလိုက် ပါတယ်။ ၎င်းဖုန်းဟာ တစ်မီတာရေအနက်မှာ နာရီ၀က်(မိနစ်သုံးဆယ်)ကြာ ထားနိုင်ပြီး အလေးချိန် ၁၅၃ဂရမ်နဲ့ မျက်နှာပြင်အကျယ် ငါးလက်မ ရှိပါတယ်။ 1080×1920pixels Resolutionမှာ Multitouchလည်း ရတယ်လို့ ဆိုထားပြီး Screenအမျိုးအစားကတော့ TFT Capactive Touch Screenဖြစ်ပါတယ်။

အချက်အလက်တွေသိုလှောင်ဖို့ ဖုန်းတွင်းမှတ်ဉာဏ် 16GBပါ၀င်ပြီး အဲဒီထဲကမှ 11.2GBကို အသုံးပြုသူအတွက် ပေးထားတယ်လို့ ဆိုပါတယ်။ MicroSD Cardကို 64GBအထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်ကာ 2GB RAMလည်း ပါရှိပါတယ်။ SIMကဒ်ချိုးပြီး micro-SIMအနေနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ 2Gကွန်ရက်မှာ GSM 850/900/1800/1900, 3Gကွန်ရက်မှာ HSPDAနဲ့ 4G LTEအထိ ချိတ်ဆက်အသုံးပြု နိုင်ပါတယ်။ Dataတွေ ကူးပြောင်းဖို့ GPRS, EDGE, WLANစနစ် တွေသာမက Bluetooth v4.0, microUSB v2.0, NFCနဲ့ Infrared Port စနစ်တွေပါ ပါ၀င်လာပါတယ်။

ကင်မရာကတော့ 8MPအရည်အသွေး ရှိပြီး Resolution 3264×2488pixels, AutoFocus, LED Flashစတာ တွေနဲ့ ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ Featuresတွေ အနေနဲ့ HD Videoနဲ့ ဓာတ်ပုံတွေကို တစ်ပြိုင်တည်း ရိုက်ကူးနိုင်တဲ့အပြင် Geo-Tagging, Touch Focus, Face And Smile Detection, Image Stabilization, HDR, Aqua Modeစတာတွေလည်း ပါ၀င်ပြီး Videoတွေကို 1080p@30fpsရုပ်ထွက်နဲ့ ရိုက်ကူးနိုင်ကာ ရှေ့ကင်မရာ 2MPတပ်ဆင်ထားရှိ ပါတယ်။

CPUကို Quad-Core 1.9GHz Krait 300သုံးထားပြီး GPU(Graphic)လည်း Adreno 320တပ်ဆင်ထားပါတယ်။ ရေဒီယိုတော့ ပါ၀င်လာခြင်းမရှိပါဘူး။ အရောင်ကို မီးခိုး၊ အပြာ၊ လိမေ္မာ် စတာတွေနဲ့ ထုတ်လုပ်ထားပြီး Samsungထုတ်ကုန် ဖြစ်တာနဲ့အညီ S-Voice, Smart Stay, Air Gesturesစတာတွေနဲ့ Dropboxကို 50GBစာ တစ်နှစ်အသုံးပြုခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။ Batteryကတော့ Li-ion 2600mAh Batteryအသုံးပြု ထားပြီး Talking Time ၁၇နာရီ သုံးနိုင်တယ်လို့ ဆိုပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “Galaxy S4 Active ရေစိုခံဖုန်း

Leave a Reply

Your email address will not be published. Required fields are marked *