သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များ၌ သွားရောက်၍ ပညာသင်ကြားလျက် ရှိသော မြန်မာနိုင်ငံမှ ရဟန်းသံဃာအပါး (၃၀၀)ကျော်အတွက် ဝါဆိုသင်္ကန်းနှင့် ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းနိုင်ရန် သင်္ကန်း (သို့မဟုတ်) နဝကမ္မ အလှူတော်ငွေများကို သဒ္ဒါတတ်အားသ၍ ကုသိုလ်ယူပါဝင် လှူဒါန်းနိုင်ရန် Ayarwaddy Legend Travels & Tours Co., Ltd.မှ အသိပေး နှိုးဆော်ထားပါသည်။
အထက်ပါ သင်္ကန်း (သို့မဟုတ်) နဝကမ္မ အလှူတော်ငွေ လှူဒါန်းလိုသူများသည် အမှတ် (၁၀၄)၊ ၃၇လမ်း၊ (ကမ်းနားဘလောက်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၃၉၈-၃၀၄၊ ၃၉၈-၃၀၃၊ ၃၇၇-၆၉၇၊ ၂၅၀-၉၀၉၊ ၂၅၂-၀၀၇၊ ၂၅၂-၀၀၈နှင့် အမှတ် (၇၆)၊ လမ်း (၃၀)၊ ၇၃လမ်းနှင့် ၇၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း – ၀၉-၄၀၂-၆၉၄-၈၄၈၊ ၀၉-၈၆၀-၀၂၁၈သို့ ဆက်သွယ် စုံစမ်းလှူဒါန်းနိုင်ပါသည်။