News

(၁၄)နှစ်ပြည့် စိတ်ကူးချိုချိုရဲ့ စာအုပ်ဈေးရောင်းပွဲ

book shop

စိတ်ကူးချိုချို စာအုပ်တိုက်၏ (၁၄)နှစ်ပြည့် အမှတ်တရ စာအုပ်ဈေးရောင်းပွဲလေးကို ရန်ကုန်မြို့၊ ဗဟန်းကြားတောရအုတ်လမ်းရှိ အဏ္ဏဝါ ဓမ္မာရုံတွင် ၂၀%မှ ၃၀%၊ ၅၀%အထိ လျှော့ဈေးနှုန်းဖြင့် ၂၉.၇.၂၀၁၃ (တနင်္လာနေ့)မှ ၁၀.၈.၂၀၁၃ (စနေနေ့)အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅နာရီခွဲ အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲရက်အတွင်း စိတ်ကူးချိုချိုမှ ထွက်ရှိလာမည် စာအုပ်အသစ် (၂၈)အုပ်ကိုလည်း ခင်းကျင်း ပြသမိတ်ဆက်ပေးထားမည် ဖြစ်ပြီး လာရောက်ဝယ်ယူအားပေးသူများအတွက် လက်ဆောင် အမျိုးမျိုး စီစဉ်ထားရှိကာ မိတ်ဆွေဖြစ် စာဖတ်သူ အစီအစဉ်ကိုလည်း ပါဝင်နေကျ အစီအစဉ်များအတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *