News

Outbound Tourism Development Workshop ကျင်းပပြုလုပ်မည်

UMTA

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA)မှ ကြီးမှုး၍ ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၃ရက် (စနေနေ့)တွင် ယုဇနဟိုတယ်၌ Outbound Tourism Development Workshop (ပြည်ပခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ) ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသည့် (UMTA) အသင်းဝင် ခရီးသွားကုမ္ပဏီများ၊ Mediaများ အနေဖြင့် ၃၀-၇-၂၀၁၃ (အင်္ဂါနေ့) နောက်ဆုံးထားပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းသို့ ဆက်သွယ်၍ အမည်စာရင်း ပေးပို့နိုင်ပြီး တက်ရောက်မည့် လူဦးရေပေါ် မူတည်၍ လိုအပ်သည်များ စီစဉ်ရမည် ဖြစ်ပါသောကြောင့် ကြိုတင် ဆက်သွယ် စာရင်းပေးသွင်းကြရန်နှင့် အသင်းဝင် ကုမ္ပဏီတစ်ခုလျှင် (၁)ဦးသာ တက်ရောက်ပေးပါရန် ဖြစ်ကြောင်း မေတ္တာရပ်ခံထားပါသည်။

 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *