Cameras, Featured, Gadgets, Mobile, News, Review

ကမ္ဘာ့ပထမဆုံး 32MP Dual Pop-up Selfie ဖုန်း VIVO V17 Pro

ကမ္ဘာ့ပထမဆုံး 32MP Dual Pop-up Selfie ဖုန်းဖြစ်တာနဲ့အညီ Selfieအတွက် ထည့်ထားတဲ့ 32MP နဲ့ Super Wide-Angle Selfie Camera နှစ်လုံးက ကိုယ့်ရဲ့ Selfie ဓာတ်ပုံတွေကို အခြားဖုန်းတွေထက်သာလွန်တဲ့ ပုံရိပ်အမြင်ကို ထည့်သွင်းပေးပြီး ပိုမို အသက်ဝင်တဲ့ ပုံရိပ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ 

48 megapixels နဲ့အတူ စွမ်းရည်မြင့် အလင်းအာရုံခံနိုင်စွမ်း ပါဝင်လာတဲ့အတွက် နောက်ကျောဘက်ကင်မရာဟာ နေ့ရောညပါ ကြည်လင်တောက်ပတဲ့ ပုံရိပ်တွေကို အကောင်းဆုံးရိုက်ကူးပေးနိုင်မှာပါ။ ဒါ့အပြင် ရိုက်ကူးထားတဲ့ပုံတွေကို Zoom ချဲ့ကြည့်တဲ့အခါမှာလည်း ပုံမှန်ဓာတ်ပုံတွေလို ဝေဝါးသွားခြင်းမျိုးမရှိဘဲ အသေးစိတ် ချယ်မှုန်းထားသလို အနုစိတ် မြင်ရဦးမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းအနေနဲ့ ပိုမိုကြီးမားကျယ်ပြန့်တဲ့ 20:9 Aspect Ratio အဖြစ် ထုတ်လုပ်ထားပြီး မှန်မျက်နှာပြင် ဘေးဘောင်ဟာ အလွန်သေးငယ်တာကြောင့် ကိုယ့်ဖုန်းရဲ့ မြင်ကွင်းကို အပြည့်အဝ ခံစားရမှာ ဖြစ်ပါတယ်။ Notch မပါဝင်လာတဲ့အတွက်ကြောင့် ရုပ်ရှင်ကြည့်၊ ဂိမ်းကစားတဲ့အခါမှာလည်း ကိုယ့်ဖုန်းရဲ့ မျက်နှာပြင်ကို အပြည့်အဝ အသုံးချနိုင်ပါလိမ့်မယ်။ 

Vivo V17 Pro မှာ 4,100mAh ဘတ္ထရီကို အသုံးပြုထားပြီး Dual-Engine Fast Charging technologyကြောင့် အားပြန်သွင်းတဲ့အခါမှာ အချိန်အကြာကြီး စောင့်ဆိုင်းနေစရာ မလိုအပ်တော့ပါဘူး။ စွမ်းရည်မြင့် စွမ်းဆောင်ရည်ပိုင်းအတွက်ကတော့ Qualcomm SnapdragonTM 675 AIE Processor၊ 8GB RAM နဲ့ 128 GB ROM တို့ကို တပ်ဆင်ထားတဲ့အတွက် ဖုန်းသုံးတဲ့အခါမှာလည်း လျင်မြန်ပေါ့ပါးမှုကို ခံစားရမှာပါ။ ဒါ့အပြင် Vivo ရဲ့ Multi-Turbo acceleration technology ကြောင့် ဂိမ်းအမြင့်ပိုင်းတွေ ကစားတဲ့အခါမှာ စိတ်လှုပ်ရှားဖွယ်ခံစားမှုကို ရရှိစေဦးမှာ ဖြစ်ပါတယ်။ 

သီတင်းကျွတ်အတွက် နောက်ဆုံးပေါ် ဖုန်းအသစ် ကန်တော့ဖို့ ဖြစ်စေ၊ မိမိကိုယ်မိမိ ပိတ်ရက်မှာ ကြိုးစားထားသမျှ reward တစ်ခုအဖြစ်ဖြစ်စေ ဒီ Vivo V 17 Proကို အိုင်စီတီရဲ့ သီတင်းကျွတ် စျေးဝယ်လမ်းညွှန်ထဲမှာ recommend လုပ်လိုက်ပါတယ်။

🛍 https://ict.com.mm/?s=V17+pro&post_type=product

Leave a Reply

Your email address will not be published. Required fields are marked *